
နေပြည်တော် နိုဝင်ဘာ ၃၀
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်(၄၆)မြို့နယ်မှအပ ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုဝင်ဘာ ၁ ရက်နေ့တွင် တည်ငြိမ်အေးချမ်းစွာ တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားသော မြို့နယ် ၄၆ မြို့နယ်အနက်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဟိုပုန်း၊ ရပ်စောက်၊ ပင်လောင်း၊ လဲချား၊ နမ့်စန်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ လားရှိုး၊ နောင်ချို၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ သိန္နီ၊ ကွမ်းလုံမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံ၊ မိုင်းယောင်းမြို့နယ်တို့သည် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း သတ်မှတ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိ လာသည့်အတွက် ယင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင်)အား ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် စိတ်ချမ်းမြေ့စွာ ပညာသင်ကြား လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်