ပြည်ပပြန် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်များတွင် လက်ခံလျက်ရှိ

 

 

နေပြည်တော်  နိုဝင်ဘာ  ၂၉
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့်   မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင်  ကရင်ပြည်နယ်   မြဝတီမြို့ သို့   ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၉၂ ဦး၊ အမျိုးသမီး ၉၃ ဦး  စုစုပေါင်း ၂၈၅ ဦးတို့ကို လက်ခံခဲ့ကြသည်။
ထိုသို့       လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ  တာဝန်ရှိ သူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ    ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များကို      ရှင်းလင်း ပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်       ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့်  ရောဂါပိုးတွေ့ရှိ သူများအား   သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ   ကိစ္စရပ်များ   ကို   အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။     
သတင်းစဉ်