အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

 

ကျောက်ဖြူ   နိုဝင်ဘာ  ၂၇


ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်   ယနေ့ မွန်းလွဲ  ၁ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပသည်။

 


ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ပညာပေးပြောကြားပြီး     ပုံပြင် ပြောပြိုင်ပွဲကို  ဆက်လက်ကျင်းပရာ   အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၆ ဦး ပါဝင်ယှဉ်ပြိုင်ပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ပေးသည်။                      

တင်ထွန်းဦး