
ပရီမီယာလိဂ်ပွဲစဉ် (၁၃) အစောဆုံးပွဲစဉ်ဖြစ်သည့် အာဆင်နယ်နှင့် နယူးကာဆယ်တို့ပွဲတွင် အာဆင်နယ်က နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိ သည်။
အာဆင်နယ်တို့ ပထမပိုင်းတွင်ရရှိသည့် အခွင့်အရေး အသုံးမချ နိုင်သဖြင့် ဂိုးမရရှိဘဲ ဒုတိယပိုင်း ၅၆ မိနစ်ရောက်မှသာ ဆာကာက အဖွင့်ဂိုး သွင်းယူပေးသည်။ ၆၆ မိနစ်တွင် ဂါဘရီယယ်က အနိုင်သေချာ မည့် ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ အာဆင်နယ်တို့ ယခုပွဲအနိုင်ကြောင့် ရမှတ် ၂၃ မှတ် ရရှိကာ အဆင့် ၅ နေရာ၌ ရပ်တည်နေပြီး နယူးကာဆယ် တို့ နိုင်ပွဲ လုံးဝမရသေးဘဲ ရမှတ် ခုနစ်မှတ်ဖြင့် ဇယားအောက်ခြေ၌ ရပ်တည်နေသည်။
လီဗာပူးနှင့် ဆောက်သမ်တန်တို့ပွဲတွင် လီဗာပူးက လေးဂိုး - ဂိုးမရှိ ဖြင့် အနိုင်ရပြီး ပွဲချိန် ၂ မိနစ်နှင့် ၃၂ မိနစ်တွင် ဂျိုတာက သွင်းယူပေးကာ အယ်ကန်တာရာက ပွဲချိန် ၃၇ မိနစ်နှင့် ဗန်ဒိုက်က ၅၉ မိနစ်တွင် တတိယဂိုးနှင့် စတုတ္ထဂိုး သွင်းယူပေးသည်။ လီဗာပူးတို့ ယခုပွဲအနိုင် ကြောင့် ရမှတ် ၂၈ မှတ် ရရှိထားသည်။ ပဲလေ့စ်နှင့် ဗီလာပွဲတွင် ဗီလာက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရပြီး နော့ဝှစ်ချ်နှင့် ဝုဖ်တို့ပွဲမှာ ဂိုးမရှိ သရေဖြစ်ခဲ့သည်။
အောင်ဇော်