အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ နဝမအစည်းအဝေး ဒုတိယနေ့ကျင်းပ

 

ရန်ကုန်    နိုဝင်ဘာ   ၂၇


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အဋ္ဌမအကြိမ်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ နဝမအစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

 


အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌ   မန္တလေးမြို့  ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ   သဒ္ဓမ္မဇော တိက     ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာ တော်ကြီးများ၊ သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဦးမျိုးညွန့်အောင်နှင့်  အရာထမ်း/အမှုထမ်းများ၊  တိုင်းဒေသကြီး/ ပြည်နယ်   သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

 


အစည်းအဝေးတွင်   သဘာ ပတိအဖြစ်     နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေး မြို့ ဗန်းမော်ကျောင်းတိုက် ဆရာ တော်  ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ်      တွဲဖက် အကျိုးတော်ဆောင်   ဆရာတော် အဂ္ဂမဟာပဏ္ဍိတ   အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသီလာစာရာ ဘိဝံသက     ဆောင်ရွက်တော်မူသည်။

 


အစည်းအဝေးတွင်     အဋ္ဌမ အကြိမ်  နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့   (တတိယအဖွဲ့ခွဲ၊ ပထမအဖွဲ့ခွဲ၊       ဒုတိယအဖွဲ့ခွဲ) ၏ တာဝန်ကျရာကာလအတွင်း ဝိနိစ္ဆယရေးရာ၊   သာသနာ့ရေးရာ၊  ပညာရေးရာ ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော် များက   ဝေဖန်ဆွေးနွေးဆုံးဖြတ် တော်မူကြသည်။ 

 


ဆက်လက်၍   အဋ္ဌမအကြိမ် နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့ (တတိယအဖွဲ့ခွဲ)၏ တတိယ အကြိမ်    တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက် အစီရင် ခံစာကို     တွဲဖက်အကျိုးတော် ဆောင်   ဆရာတော်   အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တသီလာစာရာဘိဝံသက လည်းကောင်း၊   ပထမအဖွဲ့ခွဲ၏ ဒုတိယအကြိမ်    တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို     တွဲဖက်အကျိုး တော်ဆောင်    ဆရာတော်  အဂ္ဂ မဟာပဏ္ဍိတ  အဂ္ဂမဟာ  သဒ္ဓမ္မ ဇောတိကဓဇ    ဘဒ္ဒန္တသေဋ္ဌိလက လည်းကောင်း၊ ဒုတိယအဖွဲ့ခွဲ၏   တတိယအကြိမ်   တာဝန်ကျရာ ကာလအတွင်း    ဆောင်ရွက်ချက် အစီရင်ခံစာကို   တွဲဖက်အကျိုး တော်ဆောင်    ဆရာတော်  အဂ္ဂ မဟာ ဂန္ထဝါစကပဏ္ဍိတဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရက လည်းကောင်း အတည်ပြုချက်ရယူသည်။

 


ထို့နောက်    အစည်းအဝေး သို့    ကြွရောက်တော်မူလာကြ သည့် ဆရာတော်များအားလုံးက    ဇယန္တော ဗောဓိယာ မူလေ အစချီ သော    နှစ်ဂါထာကို    သုံးကြိမ် ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ် ခေါ်ဆိုကာ  အဋ္ဌမအကြိမ်  နိုင်ငံ တော်   သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ   နဝမအစည်းအဝေး ကို  မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

 


ယနေ့     အစည်းအဝေးသို့ ကြွရောက်တော်  မူလာကြသော နိုင်ငံတော်   သံဃမဟာနာယက ဆရာတော်ကြီးများအား အလှူရှင်  သင်္ဃန်းကျွန်းမြို့နယ်  ကျိုက္ကစံ ဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမာနိတ (မဟာ သဒ္ဓမ္မဇောတိကဓဇ)   ဦးဆောင် သော တပည့်ဒါယကာ   ဒါယိကာမ များက ဧကတိံသတိမ (၃၁)ကြိမ် မြောက်     တစ်နေ့တာ      ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

သတင်းစဉ်