ခရီးသွားလုပ်ငန်းများ စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ဥပဒေနှင့်အညီ သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်များ ရယူဆောင်ရွက်သွားကြရန်လိုအပ်

 

နေပြည်တော် နိုဝင်ဘာ ၂၇ 


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်း တွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်  ကျင်းပသော “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယပိုင်း) အစီအစဉ်”   သို့ တက်ရောက်သည်။

 


အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင်   ယခင်အပတ်က ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲ(ပထမပိုင်း)၏ ဆွေးနွေးမှုများအပေါ် အခြေခံပြီး မဟာဗျူဟာများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊         ခရီးသွားလုပ်ငန်းပညာရေးနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက် ရေး စသည့် ကဏ္ဍ (၄)ခုဖြင့် အနာဂတ်ခရီးသွားလုပ်ငန်း စနစ်တကျ      ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆွေးနွေးဖော်ဆောင်ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနတွင်းရှိ  ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း သင်ယူတတ်မြောက်ထားသော စာတွေ့ နှင့် လက်တွေ့ ပညာရပ်များကို နှိုင်းယှဉ်အသုံးချပြီး မျှဝေပေးခြင်းဖြင့် မိမိတို့၏အရည်အသွေးများ ပိုမို မြင့်မားလာစေခြင်းသာမက    ခရီးသွားလုပ်ငန်း တစ်ခုလုံး    ဖွံ့ဖြိုးတိုးတက်လာရေးအတွက်  နိုင်ငံ တကာ အဆင့်၊    နိုင်ငံအဆင့်၊   ဝန်ကြီးဌာနအဆင့် ထုတ်ပြန်ထားသော စီမံချက်များကို  စဉ်ဆက်မပြတ် လေ့လာသုံးသပ်ပြီး အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော် ဝန်ကြီးချုပ်က လူ့စွမ်းအားအရင်းအမြစ်များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အထူးအလေးထားပါ ကြောင်း၊ ကိုဗစ်−၁၉  ကပ်ရောဂါမှာ တစ်ကမ္ဘာလုံး ကြုံတွေ့ခံစားနေရသော ကပ်ရောဂါဖြစ်သည့်အတွက် ၎င်းနှင့်    ရေရှည်ယှဉ်တွဲလုပ်ကိုင်နေထိုင်ရမည်ဖြစ် သောကြောင့် ခရီးသည်များကို ဝန်ဆောင်မှုပေးရာ တွင်  safe  services     ပေးနိုင်ရေးကို   ကြိုးစား လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေနှင့် Enchanting Myanmar Health  and  Safety  Protocol  (HSP)  ဆိုင်ရာ     နိုင်ငံအဆင့်    အသိအမှတ်ပြုလက်မှတ်များအား လျှောက်ထားရယူရန်လိုအပ်ကြောင်း၊ ၎င်းမှတစ်ဆင့် နိုင်ငံတကာအဆင့်သို့    တိုးမြှင့်ရယူသွားကြရေး အတွက် ကြိုးစားလုပ်ဆောင်သွားကြရန် လိုအပ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းများ စနစ်တကျ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင်လည်း ဥပဒေနှင့်အညီ သတ်မှတ် ထားသော လုပ်ငန်းလိုင်စင်များ ရယူဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ မဟာဗျူဟာများ ဖွံ့ဖြိုးတိုးတက် ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားပညာရေးနှင့် ဟိုတယ်နှင့်  ခရီးသွားကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးစသည့် ခေါင်းစဉ်(၄)ခု  ကို   အဖွဲ့(၄)ဖွဲ့ခွဲကာ    စားပွဲဝိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ကြပြီး အဖွဲ့(၄)ဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် Panel Discussion ပြုလုပ်ကြသည်။ 

 


ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အဖွဲ့(၄)ဖွဲ့၏ ဆွေးနွေးတင်ပြချက်များအပေါ်  ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြပြီး    ညွှန်ကြားရေးမှူး   ဦးဇေယျာ မျိုးအောင်က အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာ သော ရလဒ်များအပေါ် အကျဉ်းချုပ် ရှင်းလင်းတင်ပြ ကာ ပြည်ထောင်စုဝန်ကြီးက ခေါင်းစဉ် (၄) ခုအလိုက် အကောင်အထည်ဖော်ကြရာတွင် နိုင်ငံတကာစံနှုန်း များနှင့်ပါ ယှဉ်တွဲလေ့လာသုံးသပ်ကြပြီး လိုက်လျော ညီထွေရှိသော အသေးစိတ်စီမံချက်များဖြင့် စနစ် တကျ အကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း၊ အသိအမှတ်ပြုလက်မှတ်များ ရရှိထားခြင်းသာမက အရည်အချင်း၊  အရည်အသွေးတို့နှင့်  ပြည့်စုံသော ပုဂ္ဂိုလ်များဖြစ်ရန်  လိုအပ်ပါကြောင်း၊ တာဝန်ပေး  အကောင်အထည်ဖော်ကြရာတွင်   လူမှန်နေရာမှန် ဖြစ်စေရေးအတွက် ကြိုးစားလုပ်ဆောင်သွားကြရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲ၌ ပါဝင် ဆွေးနွေးကြသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။                

သတင်းစဉ်