
နတ်မောက် နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ယာယီစျေးအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့နံနက် ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ များက ယာယီစျေးဆောက်လုပ်နေမှုကို ကွင်းဆင်း ကြည့်ရှုသည်။
ကွင်းဆင်းကြည့်ရှုရာတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင် အောင်၊ ဒုတိယအင်ဂျင်နီယာမှူး ဦးဝင်းမိုးထိုက်တို့ က စျေးရပ်ကွက်ရှိ မြို့မစည်ပင်သာယာရေး စျေးအတွင်း မီးလောင်မှုဖြစ်ပေါ်ခဲ့သည့် အခြေ အနေနှင့် စျေးပြန်လည်တည်ဆောက်မည့် အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့သည် နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီး တောင် ဘက်ကွင်းပြင်တွင် ယာယီစျေးဆိုင်ခန်းများ တည် ဆောက်နေမှုကို ကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီး က စျေးသူစျေးသားများ ယာယီစျေးသို့ အမြန်ဆုံး ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရေးနှင့် စျေးကြီးပြန်လည်တည်ဆောက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ မှာကြား ဆောင်ရွက်ကြောင်း သိရသည်။
လှဝင်း