“မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်”တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   နိုဝင်ဘာ    ၁၇


“မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်”  တေးဂီတ ဖျော်ဖြေပွဲ   ပွဲစဉ်  (၈)  ကို  နိုဝင်ဘာ  ၁၉  ရက်  ည ၈ နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၌  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 


ယင်းအစီအစဉ်ကို  “Golden  Star  Music Band  တေးဂီတအဖွဲ့”  ၏  တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့်  မင်းခန့်ကျော်၊ ဒုံချပ်၊  သွန်းရွှေလျှံ၊ ထက်အာကာကျော်၊ လင်းဝတီသင်း၊ ရဲရင့်ဝေလွင်၊ ခင်လပြည့်ဝန်း၊ မေထူးကျော်၊ ဧကရီ အောင်၊ ထက်ရတီလွင် တို့က ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။

 


ထိုသို့   တင်ဆက်မှုကို   နိုဝင်ဘာ   ၂၁ ရက် နံနက်  ၁၀  နာရီခွဲတွင်  ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်