ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် ကုမ္ပဏီ/ လုပ်ငန်း ၁၁၄ ခုသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက် ( ၅/ ၂၀၂၁)
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ   ၁၆   ရက်


၁။    ကိုဗစ်-၁၉ ကြောင့်  ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်   ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁) ဆုံးဖြတ်ချက်အရ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ပူးတွဲစာရင်းပါ ကုမ္ပဏီ/ လုပ်ငန်း (၁၁၄) ခုသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုလိုက်သည်။

 


၂။    ချေးငွေလျှောက်လွှာများကို ဆက်လက် စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်းနှင့် ချေးငွေထုတ်ယူခွင့် ရရှိသူများအနေဖြင့် ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်း  သတင်းထုတ်ပြန် အပ်ပါသည်။


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး 
သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ