သာယာဝတီမြို့နယ် ကြွေပြားထုတ်စက်ရုံကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်စစ်ဆေး

 

သာယာဝတီ    နိုဝင်ဘာ   ၁၇

ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းသည်  တိုင်းဒေသကြီးဝန်ကြီးများ၊  တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ    နိုဝင်ဘာ ၁၅ ရက်က    သာယာဝတီမြို့နယ်နှင့်   လက်ပံတန်း မြို့နယ်အတွင်း  စက်မှုကုန်ထုတ်လုပ်ငန်း၊   ကျန်းမာ ရေးနှင့်  စိုက်ပျိုးရေးလုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက် စေရေး  ကွင်းဆင်းဆောင်ရွက်ပေးသည်။

 


တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့်   အဖွဲ့သည် သာယာဝတီမြို့နယ်၊  အင်းရွာရှိ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း၊  အမှတ်(၃၄)အကြီးစားစက်ရုံဝင်း အတွင်း  ကြွေပြားထုတ်စက်ရုံသို့   သွားရောက်ရာ စက်ရုံမှူး ဦးအောင်သိန်းမြင့်နှင့်   ထုတ်လုပ်ရေး မန်နေဂျာ ဦးစိုးမင်းသန်းတို့က  ကြွေပြားထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို   စက်ရုံအတွင်း   လိုက်လံ ရှင်းလင်းပြသပြီး တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ပြည်တွင်းစျေးကွက် ခိုင်မာစွာရရှိစေရေး၊   ထုတ်ကုန် များကို    နိုင်ငံတကာအဆင့်မီ   ထုတ်လုပ်နိုင်ရေးနှင့် သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် အရည်အသွေးကို အဓိကထား ထုတ်လုပ်သွားရန်   မှာကြားသည်။ 

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံ ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး      ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊    မြို့မိမြို့ဖများ၊     စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လုံခြုံရေးဆိုင်ရာများ၊   ကိုဗစ်- ၁၉ ရောဂါ    ကာကွယ်၊ ထိန်းချုပ်ရေးနှင့်  စိုက်ပျိုးရေးလုပ်ငန်း အတွက်  မြေဆီလွှာများ ဓာတ်ခွဲစမ်းသပ်နိုင်ရေး၊  သဘာဝမြေဩဇာအသုံးပြုနိုင်ရေး၊   နွေစပါးစိုက်ပျိုး ရေးအတွက်    လိုအပ်သော   ရေထိန်းတံခါးနှစ်ခု တည်ဆောက်ရေးနှင့် ကျေးလက်လမ်းများ  ဖောက် လုပ်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

 


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ပဲခူးမြို့နယ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး (၃၉)မိုင်အနီး   ဘောနတ်ကြီး-   ဘုရားကြီးသွား လမ်းပေါ်၌ လုံခြုံရေးနှင့် ကိုဗစ်- ၁၉ စစ်ဆေးရေးဂိတ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ     အချိန်မီပြီးစီးရေးအတွက် တာဝန်ရှိသူများအား မှာကြားသည်။


တင်စိုး(ပဲခူး)