
နေပြည်တော် နိုဝင်ဘာ ၁၇ - ကိုဗစ်-၁၉ကြောင့် ထိခိုက်မှုရှိနေသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးရေးအတွက် လျှောက်လွှာများကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ လက်ခံမည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားရှိရာ အဆိုပါချေးငွေလျှောက်လွှာများကို ဒီဇင်ဘာ ၃ ရက်အထိ အစိုးရရုံးပိတ်ရက်များတွင် ရုံးချိန်အတွင်း ဆက်လက် လက်ခံခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
သတင်းစဉ်