မောင်တောမြို့၌ အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

 

မောင်တော  နိုဝင်ဘာ  ၁၇


ရခိုင်ပြည်နယ်     မောင်တောမြို့၌  နိုဝင်ဘာ ၂၈  ရက်တွင် ကျရောက် မည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲ    အထိမ်းအမှတ်နေ့ကို     ကြိုဆိုဂုဏ်ပြုသော       အားဖြင့်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန      မောင်တော ခရိုင်ရုံး        ကလေးစာဖတ်ခန်း တွင်  ယနေ့နံနက်   ၁၀  နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ      ကျင်းပသည်။ 

 


ထိုသို့    ဆောင်ရွက်ရာတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မောင်တောခရိုင် ရုံးမှ  ဦးစီးအရာရှိ  (တာဝန်ပေး) ဦးဦးစိုးလွင်က အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ ဖြစ်ပေါ်လာပုံ များကို ကျောင်းသားကျောင်းသူ များ သိရှိနိုင်ရေးအတွက် ရှင်းလင်း ပြောကြားသည်။

 


ဆက်လက်၍      ဆေးရောင် ခြယ်ပြိုင်ပွဲ ကျင်းပရာ  အမှတ် (၄) အခြေခံပညာ         အလယ်တန်း ကျောင်း (ခွဲ) မှ မူလတန်းအဆင့်         ကျောင်းသားကျောင်းသူ   ၁၀    ဦး က  ပန်းချီပုံများကို    စိတ်ပါ ဝင်စားစွာ ဆေးရောင်ခြယ်ခဲ့ကြ ပြီး        ပြိုင်ပွဲတွင်       ပထမဆု  မောင်မြတ်မင်းဟိန်း၊ ဒုတိယဆု မောင်ရှူရာဂျန်း၊     တတိယဆု မောင်အောင်ဟိန်းကျော်၊ နှစ်သိမ့် ဆု    မပန်းမြတ်ဖြူ    တို့က     ရရှိ ကြပြီး       တာဝန်ရှိသူများက ဆုများ  ချီးမြှင့်ပေးကြောင်း  သိရသည်။ 


သက်လွင်စိုး ခရိုင်(ပြန်/ဆက်)