
ပေါက်ခေါင်း နိုဝင်ဘာ ၁၄
ပေါက်ခေါင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအနက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinovac အမျိုးအစား ပထမ အကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး များကို သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် ယနေ့ နံနက် ၉ နာရီမှစ၍ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိ သည်။
ကာကွယ်ဆေး ထိုးနှံပေးရာ သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာ ရောက်ကြည့်ရှု အားပေးကြပြီး ဌာနဆိုင်ရာများ၊ မြို့နယ် ကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်း အဖွဲ့များက ပူးပေါင်းကူညီ ဆောင် ရွက်ပေးလျက်ရှိသည်။ ပေါက် ခေါင်းမြို့နယ်ရှိ ဆေးထိုးစုရပ် ခြောက်ခုတွင် အခြေခံပညာ အလယ်တန်း နှင့် အထက်တန်း အဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၇၄၆ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။
သန်းထွန်းအောင်(ပြန်/ဆက်)