ယာယီရပ်နားထားသော သာစည်-မြင်းခြံလမ်းပိုင်း စာပို့ရထား ပြန်လည် ပြေးဆွဲ

 

မိတ္ထီလာ နိုဝင်ဘာ  ၁၄


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ဘူတာ၏   သာစည် - မြင်းခြံ လမ်းပိုင်း  ပြေးဆွဲလျက်ရှိသည့် အမှတ် (၁၁၁) အဆန်နှင့် (၁၁၂) အစုန် စာပို့ရထားကို  ယာယီ ရပ်နားထားရာမှ  နိုဝင်ဘာ   ၁၂  ရက်  နံနက် ၇ နာရီ ၁၀  မိနစ် မှစတင်၍ ပြန်လည် ပြေးဆွဲနေ ပြီဖြစ်သည်။ 

 


မြန်မာ့မီးရထား  မိတ္ထီလာ ဘူတာမှ   သာစည် - မြင်းခြံ လမ်းပိုင်း     ပြေးဆွဲလျက်ရှိသော အမှတ် (၁၁၁) အဆန်နှင့်  အမှတ် (၁၁၂)အစုန်   စာပို့ရထားများကို ယာယီ          ရပ်နားထားရာမှ  ဒေသခံပြည်သူများ      ကုန်စည် စီးဆင်းမှု    လွယ်ကူမြန်ဆန်စေ ရန်အတွက် ပြန်လည်    ပြေးဆွဲ ခြင်းဖြစ်သည်။ ယင်းသို့  ပြေးဆွဲ ရာတွင်  အမှတ် (၁၁၁) အဆန် စာပို့ရထားသည် လူစီးတွဲ  နှစ်တွဲ၊ ပါဆယ်ဘရိတ်တွဲ(၁)   တို့ဖြင့်  သာစည်ဘူတာမှ နံနက် ၆ နာရီမှ စတင်၍ ပြေးဆွဲပြီး နံနက် ၁၁ နာရီ မိနစ် ၃၀ တွင် မြင်းခြံဘူတာ သို့      ဆိုက်ရောက်မည်ဖြစ်ကာ အမှတ် (၁၁၂) အစုန် စာပို့ရထားမှာ  မြင်းခြံဘူတာမှ မွန်းလွဲ ၁ နာရီ တွင် စတင်ထွက်ခွာပြီး  မိတ္ထီလာ ဘူတာသို့ ညနေ ၅ နာရီ မိနစ်  ၂၀ တွင် ရောက်ရှိပြီး ညနေ  ၆ နာရီ မိနစ် ၃၀တွင် သာစည်ဘူတာသို့ ဆိုက်ရောက်မည်  ဖြစ်ကြောင်း မိတ္ထီလာဘူတာမှ     ရုံပိုင်ကြီး ဦးမြင့်ထွန်းထံမှ သိရသည်။

 


အဆိုပါ   သာစည် - မြင်းခြံ လမ်းပိုင်း  ပြေးဆွဲလျက်ရှိသော အမှတ် (၁၁၁) အဆန်နှင့် အမှတ် (၁၁၂) အစုန်    စာပို့ရထားသည် သာစည်ဘူတာမှ       မြင်းခြံဘူတာ အထိ    ကွမ်းခြံရိုး၊     မိတ္ထီလာ၊ တောမ၊ အင်ကြင်းစု၊ ရေချို၊ မလှိုင်၊ ရုံးစည်ကြီး၊   တောင်သာ၊  ဖက် တော၊    ဆားခါးဘူတာများနှင့် ကျိတ်ပုလဲ၊ သဘွတ်ကုန်း၊ ရေစင်၊ ပန်းအိုင်၊  အောင်သာ၊   ချုံကြီး၊ ဘုရားလှ စသည့်   ရပ်နားစခန်း ဘူတာတို့ကို     ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)