တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

 

နေပြည်တော် နိုဝင်ဘာ  ၁၄


တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင် အလှူ ရှင်များက       မြို့နယ်အသီးသီး ရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်             သီလရှင် ကျောင်းများနှင့်        ဘာသာရေး ကျောင်းများသို့   ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းများကို     ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်     အောင်ဆန်း ရပ်ကွက်ရှိ       သာသနဝိပုလကာရီ ကျောင်းတိုက်၊        စစ်ကိုင်းတိုင်း ဒေသကြီး    ခန္တီးမြို့    သာစည် ရပ်ကွက်ရှိ      သာသနဓမ္မသုခ ကျောင်းတိုက်နှင့်   မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်   ရတနာ  ဗိမာန်စာချကျောင်းတို့ရှိ     ဆရာတော်၊          သံဃာတော်များနှင့် သာသနာ့နွယ်ဝင်    သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်   လေးမျိုး၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး  အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများ နှင့်         လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်   ဆက်ကပ်လှူဒါန်း ကြသည်။

 


ထို့အပြင်   စစ်ကိုင်းတိုင်းဒေသ ကြီး ခန္တီးမြို့  သာစည်ရပ်ကွက်ရှိ သာသနဓမ္မသုခ ကျောင်းတိုက်ရှိ အေးငြိမ်းရန်အောင်    ဆုတောင်း ပြည့်စေတီတော်မြတ်ကြီး  တည် ဆောက်ရေး  လုပ်ငန်းများအတွက် ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ခန္တီးတပ်နယ်ရှိ တပ် ရင်း၊ တပ်ဖွဲ့များမှ စုပေါင်းလှူဒါန်း သည့်  နဝကမ္မ  အလှူငွေများကို တပ်နယ်မှ တာဝန်ရှိသူများက အဆိုပါကျောင်းတိုက် ဆရာတော် ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်