
ပြည် နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ပြည်မြို့ အခြေခံ ပညာစာသင်ကျောင်းများအတွက် စာသင်ခုံ အစုံ(၄၀)၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေ ၁၀ သိန်းတို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ ဇီးအုပ်စခန်း နွေစပါး စိုက်ပျိုးရေ ရရှိရေး ဆိုလာစနစ်အသုံးပြု ၍ စမ်းသပ်ဆောင်ရွက်နေမှုကို ကြည့်ရှု ပြီး ခရိုင်တစ်ခုချင်းအလိုက် Mobile Solar Pump System သုံးစုံ ဝယ်ယူနိုင်ရေး စီစဉ်ပေးကာ မိုးစပါးစံကွက် ရိတ်သိမ်းခြွေလှေ့ နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ် (ပြည်) သို့ သွားရောက်၍ ဒုတိယပါမောက္ခ ချုပ်၊ ဆရာ ဆရာမများ၊ ဝန်ထမ်း များနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ တက္ကသိုလ်အတွက် ထောက်ပံ့ငွေ ၁၀ သိန်းကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး တည်ဆောက်ရေး ရှင်းလင်း ဆောင်သို့ ရောက်ရှိပြီး ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းသို့ ရောက်ရှိပြီး အမှတ် စဉ် (၂၅) သူနာပြုသင်တန်း နောက်ဆုံးနှစ် တက်ရောက်နေ သည့် သင်တန်းသား သင်တန်း သူများနှင့် ဆရာ ဆရာမများအား တွေ့ဆုံအားပေးစကား ပြောကြား ပြီး သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေ ၁၀ သိန်း၊ စာကြည့် ခန်း အဲကွန်းတပ်ဆင်ရန် ငွေကျပ် ၁၀ သိန်း၊ သင်တန်းသား သူများအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား ငါးလစာ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံး အထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေး အပ်ကာ သင်ထောက်ကူပြု ခန်းမနှင့် စာကြည့်တိုက်များသို့ လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့ ကမ်းနားလမ်း အဆင့်မြှင့်တင် နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်