ညီညာမှ ပြည်သာမည်

Type

 

ဇာနည်ဘွား

မြန်မာနိုင်ငံသည်            သဘာဝမြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝမှုနှင့်အတူ  စားရေရိက္ခာ ပေါများသည်။         စားရေရိက္ခာပေါများမှုကြောင့် အသက်မွေးဝမ်းကျောင်းမှုလည်း လွယ်ကူပေါ့ပါးသည်။

 


ရေကြည်ရာမြက်နုရာ


ကမ္ဘာ့နိုင်ငံအများစုနှင့်ယှဉ်လျှင် မြန်မာ့မြေသည် ရေကြည်ရာမြက်နုရာဖြစ်နေသောကြောင့်     ခေတ် အဆက်ဆက်    အနောက်ကလည်း     လာကြသည်။ အရှေ့ကလည်း လာကြသည်။ တရားဝင်လည်း လာ ကြသည်။ တရားမဝင်လည်း လာကြသည်။
ဒုတိယကမ္ဘာစစ်မဖြစ်မီ စစ်ကြိုခေတ်ကတည်း က အနောက်အရပ်မှလာပြီး   မြေပိုင်ရှင်ဖြစ်လာခဲ့ သူတစ်ဦးက “ကျွန်တော်တို့ပြည်မှာ အားကြီးဆင်းရဲ တယ်။        ဗမာပြည်က        ပိုက်ဆံရှာရတာဟာ ငှက်ပျောပင်ကို   ခုတ်ရသလိုပဲ။   လွယ်ကူတယ်လို့ ကြားတယ်။ ဒါနဲ့ အားကြီးလာချင်တာ။ နောက်တော့ မှ အဆက်အသွယ်ရပြီး ဗမာပြည်ကိုသွားတဲ့သင်္ဘော ဝမ်းခေါင်းထဲက ဂုံနီအိတ်ထဲဝင်ပြီး လိုက်လာခဲ့တာပဲ။ ရန်ကုန်ရောက်တော့  ကူလီလုပ် ပိုက်ဆံရှာပြီး ငွေ ၁၀၀ နဲ့  ကိုယ့်ကိုယ်ကိုယ်   ရွေးလိုက်ရတယ်။   အဲဒီ နောက်       ကျွန်တော်သွားချင်ရာသွား    လုပ်ချင်ရာ လုပ်နိုင်ပြီ။ ဒီလိုနဲ့ကျွန်တော်ဗမာပြည်မှာ  ပိုက်ဆံရှာ ဖွေခဲ့တာပဲ” ဟု ဆိုခဲ့ဖူးသည်။

 


မြန်မာနိုင်ငံတွင်     အသက်မွေးဝမ်းကျောင်းရန် အရှေ့အရပ်မှလာခဲ့သူ      လုံမပျိုတစ်ဦးကလည်း “ဗမာပြည်ကို ရောက်လာတော့ သိပ်ဝမ်းသာတာပေါ့၊ ကျွန်မတို့ဟိုမှာက  သိပ်ဆင်းရဲတာ၊ ဆန်ပြုတ်တောင် ဝအောင်သောက်ရတာမဟုတ်ဘူး၊   ဗမာပြည်မှာက အစားအစာလည်း  သိပ်ပေါတာပဲ။ ပိုက်ဆံရှာရတာ လည်း သိပ်လွယ်တာပဲလို့ကြားနေတာ” ဟုဆိုသည်။ ယဉ်ကျေးမှုတော်လှန်ရေး လှိုင်းဂယက်ပြင်းထန်စွာ ရိုက်ခတ်ချိန်ကာလကလည်း ဆရာဝန်ဇနီးမောင်နှံ နှစ်ဦး တစ်ဖက်နယ်စပ်မှတစ်ဆင့် ပြေးဝင်ခိုလှုံခဲ့ရာ ထိုစဉ်က              အာဏာပိုင်အဖွဲ့အစည်းများက လူသားချင်းစာနာထောက်ထားမှုအရ ကနဦးပြုစု စောင့်ရှောက်ခဲ့ပါသော်လည်း နှစ်နိုင်ငံချစ်ကြည်ရေး မိတ်ဝတ်အရ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။

 


ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်


နောက်ပိုင်းကာလများမှာတော့      မြန်မာသည် စီမံခန့်ခွဲမှုအားနည်းချက်များ၊     နိုင်ငံရေး   အကျပ် အတည်းများ၊      အမျိုးသားပြန်လည်စည်းလုံးညီညွတ် မှု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စိန်ခေါ်မှုများ အပါအဝင်  အကြောင်းကြောင်းကြောင့် ဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင်       အဘက်ဘက်မှ    ဖွံ့ဖြိုး တိုးတက်မှု နောက်ကျကျန်ရစ်ခဲ့ရသည်။
မြန်မာသည်      အတိတ်မှ    အနာရွတ်များကို အပ်ဖြင့်ပြန်လည်တူးဆွ၍ အသစ်တစ်ဖန် အနာသစ် ပြန်မွေးနေချိန်၊  အနာဟောင်းကို ကြီးသထက်ကြီး အောင်     ပြန်လည်ကုတ်ခြစ်       တူးဆွနေချိန်တွင် ဒေသတွင်းနိုင်ငံများသည် ကျားကုတ်ကျားခဲ ရှေ့သို့ အဟုန်ပြင်းစွာ ချီတက်နေလေသည်။

 


အထူးသဖြင့်      ဗီယက်နမ်။    ဗီယက်နမ်သည် ၁၉၉၀   ကျော်လွန်နှစ်များတွင်    မြန်မာနှင့်   မရှေး မနှောင်း       တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်ကို စတင်အကောင်အထည်ဖော် ပြုပြင်ပြောင်းလဲခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကနဦးကာလတွင် အာရှ၏ နောက်ဆုံးစားကျက်အဖြစ်    ပေါ်ပေါက်လာသော မြန်မာ၏ဈေးကွက်ကို ကမ္ဘာ့နိုင်ငံများက  စိတ်ဝင် တစား အလုံးအရင်းဖြင့်လာရောက် ရင်းနှီးမြှုပ်နှံခဲ့ကြပါသော်လည်း နိုင်ငံရေးအကျပ်အတည်းကြောင့် ပေါ်ပေါက်လာသော စီးပွားရေး ပိတ်ဆို့မှုများကြောင့် အရှိန်သတ်သွားခဲ့ရလေသည်။ 

 


လျင်မြန်စွာနိုးထလာသော ဗီယက်နမ်


ပြိုင်ဘက်      ဗီယက်နမ်နိုင်ငံကမူ    ကွန်မြူနစ် စနစ်ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း တည်ငြိမ်သောနိုင်ငံရေးအခင်းအကျင်း၊  ကောင်းမွန် သော စီမံခန့်ခွဲမှု၊ ကောင်းမွန်သော ရေခံမြေခံတို့နှင့် အတူ        နိုင်ငံသားတို့၏         ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုတို့ကြောင့်  ဒေသတွင်းနိုင်ငံများ ကြားတွင် အရှိန်အဟုန်ဖြင့်  လျင်မြန်စွာနိုးထလာ သည်။
လက်ရှိကာလတွင် ဗီယက်နမ်သည် ၂၀၂၂ ခုနှစ် အာရှ၏စီးပွားရေးစွမ်းဆောင်ရည်    အကောင်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ကိုဗစ်ကပ်ဘေး အလွန်ကာလတွင်    ဗီယက်နမ်နိုင်ငံ၏   စီးပွားရေး မူဝါဒနှင့် အိမ်နီးချင်းတရုတ်နိုင်ငံ၏ အကျပ်အတည်း များကြောင့်       နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ဗီယက်နမ်နိုင်ငံထဲသို့   တစ်ဟုန်ထိုးစီးဝင်လာခဲ့သည်။
၂၀၁၈    ခုနှစ်တွင်      အမေရိကန်က   တရုတ် သွင်းကုန်များအပေါ်  အခွန်တိုးမြှင့် ကောက်ခံခဲ့ခြင်း ကလည်း    ဗီယက်နမ်နိုင်ငံအတွင်း   ရင်းနှီးမြှုပ်နှံမှု များကို တိုးပွားလာစေသည့် အကြောင်းတစ်ခု ဖြစ်ခဲ့ သည်။    တရုတ်နိုင်ငံအတွင်းမှ   ကုမ္ပဏီအချို့သည် အနာဂတ်           အခင်းအကျင်းအပေါ်      သုံးသပ်၍  ဗီယက်နမ်သို့ ပြောင်းရွှေ့မှုများရှိလာသည်။ ဗီယက်နမ် ၏ ဈေးနှုန်းချိုသာသော လုပ်အားခကလည်း ရင်းနှီး မြှုပ်နှံသူများကို မက်လုံးတစ်ခုဖြစ်စေခဲ့သည်။

 


ဗီယက်နမ်နိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ အကျင့်ပျက်ခြစားမှု အဂတိတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊   နှစ်ဦးနှစ်ဝ အကျိုးရှိစေရန်  ပြင်ဆင်မွမ်းမံမှုများနှင့်   ရေးဆွဲခဲ့ သော အလုပ်သမားဥပဒေ စည်းမျဉ်းစည်းကမ်းများ စသည့်          ကောင်းမွန်သော        မူဝါဒများအပြင် ကောင်းမွန်သောလမ်းပန်းဆက်သွယ်ရေး၊  လျှပ်စစ် ဓာတ်အားစသည့်   အခြေခံအဆောက်အအုံများက လည်း      ပြည်ပနိုင်ငံခြား     ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

 


ထို့ကြောင့်       ဗီယက်နမ်နိုင်ငံ၏      နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည်  နှစ်စဉ်   ၁၅ ရာခိုင်နှုန်း    တိုးတက်လျက်ရှိပြီး       စီမံကိန်းပေါင်း ၁၅၇၀ အတွက်    စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၉ ဒသမ  ၉ ဘီလီယံ ရှိလာသည် ဟု သိရသည်။   ပို့ကုန်သွင်းကုန်   စုစုပေါင်းတန်ဖိုးအား ဖြင့်လည်း   ၅   ဒသမ   ၇   ရာခိုင်နှုန်းတိုးတက်လာ ခဲ့ရာ  တန်ဖိုးအားဖြင့်   ၈ ဒသမ   ၃ ဘီလီယံ ရှိသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့က ဗီယက်နမ်နိုင်ငံ၏ ၂၀၂၂ ခုနှစ်  ဂျီဒီပီ သည်       ခုနစ်ရာခိုင်နှုန်းအထိ       ရှိလာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

 


တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
 ကြိုးပမ်းနေရဆဲ


ရေသယံဇာတ၊   မြေသယံဇာတ    ပေါကြွယ်ဝပြီး ရေခံ မြေခံကောင်းမွန်သော၊ စားရေရိက္ခာပေါများ သော မြန်မာနိုင်ငံအနေဖြင့်မူ ယနေ့တိုင် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီ ရန် ကြိုးပမ်းလုပ်ဆောင်နေရဆဲဖြစ်သည်။

 


ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့သည်   ကွင်းဆက်ကျသော   လုပ်ငန်းစဉ်များ ဖြစ်ပါသည်။   ထိုကွင်းဆက်ကျသော  လုပ်ငန်းစဉ် များကို     ကွင်းဆက်မိမိ       အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်အဖို့မှာလည်း မြန်မာတို့အတွက် ခေတ်အဆက်ဆက်  ကြီးမားသော စိန်ခေါ်မှုများသာ ဖြစ်ခဲ့လေသည်။

 


မည်သည့်နိုင်ငံရေးစနစ်ကို  ကျင့်သုံးသည်ဖြစ်စေ ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုမရှိလျှင်  ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပေ။ ငြိမ်းချမ်း မှု၊ တည်ငြိမ်မှုရှိမှသာနိုင်ငံ၏  အရင်းအမြစ်များကို အစွမ်းကုန်အသုံးချပြီး     ဖွံ့ဖြိုးတိုးတက်မှုများအား ဆောင်ရွက်နိုင်ပေမည်။    ထိုအချက်ကို    ဗီယက်နမ် အပါအဝင်     ဒေသတွင်းနိုင်ငံများနှင့်    အိမ်နီးချင်း တရုတ်နိုင်ငံတို့က သက်သေပြလျက်ရှိပေသည်။

 


တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်


တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် ကြီး   တိန့်ရှောင်ဖိန်က  “တရုတ်ပြည်ဟာ လူဦးရေ ဒီလောက်များပြီး    အခြေခံက   နည်းပါးလွန်းလှပါ တယ်။    တည်ငြိမ်စည်းလုံးညီညွတ်တဲ့    နိုင်ငံရေး ပတ်ဝန်းကျင်မရှိရင်   တည်ငြိမ်တဲ့လူမှုရေး   အခြေ အနေလည်း ရှိမှာမဟုတ်ဘူး။ ဘာမှလည်း လုပ်လို့ ဖြစ်လာမှာမဟုတ်ဘူး။ တည်ငြိမ်ရေးက အရာရာကို လွှမ်းမိုးထားတယ်”      ဟူ၍       ၁၉၈၉      ခုနှစ် အောက်တိုဘာလက   အမေရိကန်သမ္မတဟောင်း နစ်ဆင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။
၁၉၈၇ ခုနှစ်  ဇွန်လ  ၂၉  ရက်တွင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနှင့် တွေ့ဆုံစဉ်၌လည်း တိန့်က  “ဒီနေ့ဒီအပိုင်းက   လူတွေက   လမ်းပေါ် တက်လိုက်၊  နောက်တစ်နေ့  ဟိုအပိုင်းက လူတွေက လမ်းပေါ်ထွက်လိုက်၊       တရုတ်ပြည်မှာ    လူသန်း ၁၀၀၀ ရှိတယ်။ တစ်နှစ်မှာ ရက်ပေါင်း  ၃၆၅ ရက် ရှိနေတာ နေ့တိုင်းပြဿနာရှိနေမယ်ဆိုရင် နေထိုင်မှု ဘဝတွေကို ကျော်ဖြတ်နိုင်ပါ့မလား။ ဘယ့်နှယ်လုပ် ကိုယ်အားဉာဏ်အားထုတ်  တည်ဆောက်ရေးတွေ လုပ်နိုင်ပါ့မလဲ။  ဒါကြောင့် ခင်ဗျားတို့ထောင့်ကနေ တရုတ်ပြည် ပြဿနာတွေကို ကြည့်လို့မဖြစ်နိုင်ဘူး။ တရုတ်ပြည်ရဲ့     အဓိကရည်မှန်းချက်က        ဖွံ့ဖြိုး တိုးတက်ရေး၊ ခေတ်နောက်ကျမှုက ရုန်းထွက်ရေး၊ နိုင်ငံတော်ရဲ့အင်အား             တိုးတက်လာစေရေးဖြစ် တယ်။      ပြည်သူလူထု    နေထိုင်စားသောက်မှုဘဝ ပြည့်စုံကုံလုံလာစေရေးဖြစ်တယ်။ ဒီလိုကိစ္စတွေကိုဆောင်ရွက်ဖို့ဆိုရင်      တည်ငြိမ်တဲ့ပတ်ဝန်းကျင် ရှိရမယ်။ တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်မရှိရင် ဘာကိစ္စမှလုပ်လို့ မရနိုင်ဘူး” ဟု ဆိုခဲ့ပြန်ပါသည်။


မြန်မာတွေ ညီညာဖို့ လို


ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာတို့သည် ဒေသတွင်းပတ်ဝန်းကျင်နိုင်ငံများ၏ သမိုင်းဖြစ်စဉ် များ၊ ၎င်းတို့ကြုံတွေ့ဖြတ်သန်းလာခဲ့သော   အတိတ် ပစ္စုပ္ပန်သမိုင်းသင်ခန်းစာများ၊ နိုင်ငံရေးသံဝေဂများ ကို အများစုက လျစ်လျူရှုခဲ့ကြပါသည်။ 
မြန်မာသည်    ငြိမ်းချမ်းရေး၊   တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို     ကွင်းဆက် ကျကျ            အကောင်အထည်ဖော်ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာသည်နှင့်အမျှ    မြန်မာလူငယ် အချို့ ပြည်ပနိုင်ငံများသို့   တရားဝင်ရော   တရား မဝင်ပါ     ထွက်ခွာလုပ်ကိုင်    စားသောက်နေမှုများ၊ ယာယီတိုက်ပွဲရှောင်သူများ၊   ပရိယေသန  ဝမ်းစာ အလို့ငှာ   ဖားရှာ  ငါးရှာ၊   ဟင်းသီးဟင်းရွက်ခူးရင်း     မိုင်းထိခံရသည့်  ဒေသခံပြည်သူအချို့၏ ကြေကွဲဖွယ် ရာ      ဖြစ်ရပ်မြင်ကွင်းများကို    မျိုးဆက်အလီလီ မြင်တွေ့ခံစားနေကြရပါဦးမည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက             စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး             ဗီဗီယံ     ပြောကြားခဲ့သည့် “မြန်မာနိုင်ငံဟာ     ဒုတိယကမ္ဘာစစ်ပြီးကတည်းက ညီညွတ်တဲ့အမှတ်သညာတစ်ခု မတည်ဆောက်နိုင် ခဲ့ဘဲ လက်ရှိအနေအထားအရလည်း ပိုကောင်းလာ ဖို့မရှိဘူး”    ဆိုသည့်   သုံးသပ်ဝေဖန်ချက်ကလည်း မြန်မာတို့အဖို့  နာလိုခံခက် မခံချိမခံသာဖြစ်စေသည်။ အမှန်တကယ်အားဖြင့်လည်း မြန်မာတွေ ညီညာဖို့ လိုပါသည်။ 
ညီညာမှ ပြည်သာပါလိမ့်မည်။   ။