ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်မှုနှင့်ပတ်သက်သည့် အစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်

 

နေပြည်တော်     မေ    ၁၆


ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက် မှုနှင့်ပတ်သက်သည့် အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှု  နယ်မြေရှိ ပုဂံယဉ်ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး      မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး     ရဲဝင်းဦး၊     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊    စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊  မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က  ညောင်ဦးခရိုင်အတွင်း    နှစ်အလိုက်   မိုးရွာသွန်းမှု အခြေအနေ၊ ဆည်/ တာတမံများအတွင်း ရေဝင်ရောက် မှု အခြေအနေ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ် ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်း ထားရှိမှု၊   သဘာဝဘေးအန္တရာယ်ကြောင့်   ပျက်စီး ဆုံးရှုံးခဲ့မှု၊     မိုးသည်းထန်စွာ   ရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းဘုရားအချို့နှင့် အဆောက်အအုံအချို့ ပျက်စီးမှုများ   ဖြစ်ပေါ်ခဲ့မှု၊  ဘုရားများအတွင်းသို့  ဝင်ရောက်ခဲ့သည့် ရေများကို ပြန်လည်စုပ်ထုတ်ခြင်း၊  သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့မှု၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်မကြီးပေါ်ရှိ တာဝါတိုင်ကျိုးကျ     ပျက်စီးခဲ့မှု   အခြေအနေများ၊  ပုဂံဒေသကို Town Plan ရေးဆွဲပြီး ရေစီးရေလာများ  ကောင်းမွန်စေရေး  ဆောင်ရွက်ရန်  ပြင်ဆင်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုက  သဘာဝ ဘေးဒဏ်ကြောင့် ရှေးဟောင်းဘုရားများ ပျက်စီးခဲ့မှု အခြေအနေ၊ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ဘုရား များမှ ရေများစုပ်ထုတ်ပြီးမှု အခြေအနေ၊ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်   ရှေးဟောင်းဘုရားများ  ပြန်လည် ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြသည်။

 


ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ မြကန် အတွင်း ရေဝင်ရောက်မှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု  နယ်မြေအတွင်း ရေဝင်ရောက်မှုများ ထပ်မံမဖြစ်ပေါ် စေရန်    ရေစီးဆင်းမှုများကို     ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊     ရှေးဟောင်းဘုရား ကြီးများအတွင်း ရေများ ထပ်မံဝင်ရောက်မှုမရှိစေရေး  ကျွမ်းကျင်ပညာရှင်များနှင့်   ညှိနှိုင်းပြီး   ရေထွက် ပေါက်များ ဖောက်လုပ်သွားမည့် အခြေအနေများကို  ရှင်းလင်းတင်ပြသည်။ 

 


ပုဂံဒေသတွင် မိုးရွာသွန်းမှုများပြားခဲ့


ရှင်းလင်းတင်ပြမှုများအပေါ်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့်  မိုခါမုန်တိုင်းကြောင့်  ဖြစ်ပေါ်လာ သည့် ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှု၍  လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊      မိုခါမုန်တိုင်း၏ လမ်းကြောင်းမှာ   မိမိတို့နိုင်ငံ၏   အနောက်ဘက်မှ အရှေ့မြောက်ဘက်သို့   ဝင်ရောက်မည်ဟု   သိရှိခဲ့ရ ကြောင်း၊ ထိုအထဲတွင် ပုဂံဒေသလည်းပါဝင်သည်ကို  တွေ့ရှိရပြီး မုန်တိုင်းကြောင့် ပုဂံဒေသတွင် မိုးရွာသွန်း မှုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ တောင်တရုတ် ပင်လယ်တွင်   ဖြစ်ပေါ်နေသည့်   မုန်တိုင်းနှင့်  မိုခါ မုန်တိုင်းတို့ ပေါင်းစည်းမိသွားပါက အလွန်ပြင်းထန် သည့်     မုန်တိုင်းတစ်ခုဖြစ်လာမည်ဟု     ပညာရှင် များ၏      သုံးသပ်ချက်အရ        သိရှိခဲ့ရသော်လည်း တောင်တရုတ်ပင်လယ်အတွင်း       ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းမှာ   ပျက်ပြယ်သွားခဲ့သဖြင့်     မိမိတို့နိုင်ငံ အနေဖြင့်     ထိခိုက်ဆုံးရှုံးမှု    ဖြစ်ပွားနိုင်သည်ထက်    များစွာ သက်သာသွားခဲ့ကြောင်း။

 


သဘာဝဘေးအန္တရာယ်တွင် မိုးလေဝသကြောင့် ဖြစ်ပွားသည့်     အန္တရာယ်နှင့်       ငလျင်ဘေးဒဏ် အန္တရာယ်များရှိကြောင်း၊    သဘာဝဘေးအန္တရာယ် ဖြစ်ပွားချိန်တွင်    ထိခိုက်မှု  အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပျက်စီးမှု ဖြစ်ပေါ် ချိန်တွင်လည်း  စနစ်တကျပြုပြင်  ထိန်းသိမ်းခြင်း များကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည်   နိုင်ငံအတွက်  အစားထိုး မရသည့်    ရှေးဟောင်းအမွေအနှစ်   တစ်ခုဖြစ်ပြီး တန်ဖိုးဖြတ်၍ မရနိုင်သည့် ရှေးဟောင်း အမွေအနှစ် တစ်ခုဖြစ်သဖြင့်   ထိခိုက်ပျက်စီးမှုများ  မရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း။

 


ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်


ပုဂံရှေးဟောင်း    ယဉ်ကျေးမှုနယ်မြေအတွင်း  သစ်ပင်များစိုက်ပျိုးရန်အတွက် မိမိအနေဖြင့် ယခင် ကတည်းက တိုက်တွန်းခဲ့ကြောင်း၊ မြေ Level များကို ထိန်းညှိနိုင်ခြင်း   မရှိသဖြင့်    ရေဝပ်မှုများဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြေ Level များကို  ထိန်းညှိပြီး       ရေထွက်ပေါက်များ     စနစ်တကျ ဖောက်လုပ်ရန်လိုကြောင်း၊ ရှေးဟောင်းဘုရားကြီး များဖြစ်သဖြင့် ထိခိုက်လွယ်ကြောင်း၊ ထို့ကြောင့်  တန်ခိုးကြီး   ရှေးဟောင်းဘုရားကြီးများ  ထိခိုက်မှု မရှိအောင်  စနစ်တကျဖြင့်  ထိန်းသိမ်းဆောင်ရွက် ရန်လိုကြောင်း၊  အလားတူ  မဟာရံတံတိုင်းများနှင့် ရင်ပြင်တော်များကိုလည်း ရေဝပ်ခြင်းဖြင့် မထိခိုက် ရန်နှင့် ပြုပြင်ခြင်းများကို Check List များ ပြုစု၍ စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း။

 


ညှိနှိုင်းတွက်ချက်ဆောင်ရွက်


အလားတူ မိုးရွာသွန်းမှုများပြားချိန်၌ ဝင်ရောက် ခဲ့သည့်    ရေများကို     ပြန်လည်စုပ်ထုတ်ချိန်တွင် ရေထုတ်ချိန်၌ အခြားနေရာများ ထိခိုက်မှုမရှိစေရေး  ရေထုတ်သည့်     စနစ်ကို     စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံဒေသအတွင်း မြေနှင့် ပတ်သက်၍  Survey  ပြုလုပ်ရန်လိုကြောင်း၊   ပုဂံ ယဉ်ကျေးမှုနယ်မြေသည်      ထိခိုက်ပျက်စီးမှုများ  လုံးဝမဖြစ်ပေါ်ရန်လိုကြောင်း၊ ပုဂံဒေသတွင် သစ်ပင်  စိုက်ပျိုးမှုနှင့်ပတ်သက်၍ နယ်မြေအတွက် အန္တရာယ် ရှိသည့် အပင်အိုများကို ခုတ်ထွင်ရှင်းလင်းရန် လိုအပ် သကဲ့သို့ အပင်ပျိုများကိုလည်း ထပ်မံစိုက်ပျိုးရန်လို ကြောင်း၊     ထိုသို့    ဆောင်ရွက်ချိန်တွင်     သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ မရှိအောင်လည်း ဆောင် ရွက်ရန်လိုသဖြင့် ဌာနဆိုင်ရာအလိုက် တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့်    ညှိနှိုင်း     တွက်ချက် ဆောင်ရွက်ရန်လိုကြောင်း။

 


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သာယာလှပ ရေးအတွက် ဒေသနှင့် ကိုက်ညီသည့် ပန်းမန်များကို စိုက်ပျိုးရန်လိုကြောင်း၊ မျက်စိပသာဒဖြစ်ပြီး အရိပ် ရသည့်       ပင်ကြီးမျိုးများကို     စိုက်ပျိုးရန်လိုပြီး အမြဲတမ်းစိမ်းစိုနေသည့်  အပင်များကို  စိုက်ပျိုး၍ ပတ်ဝန်းကျင်အလှအပကို ဖန်တီးပေးရန်လိုကြောင်း။

 


လမ်းများပေါ်တွင်    ကားများ   မောင်းနှင်ချိန်၌  သဲများကြောင့် ဖုန်ထမှုမဖြစ်ပေါ်စေရေး သက်ဆိုင်ရာ စည်ပင်သာယာဌာနမှ   တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အဓိကကျသည့်လမ်း များကို နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းရန်နှင့်  လမ်းများချောမွေ့စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အခြားလမ်းသွယ်များကိုလည်း ချောမွေ့ စေရေး အမြဲပြင်ဆင်ထိန်းသိမ်းနေရန်လိုကြောင်း။

 


ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ခရီးသွားများ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊  ခရီးသွားလုပ်ငန်းများကြောင့်  ရှေးဟောင်းပစ္စည်း များ လျော့နည်းပပျောက်မှုမရှိစေရေး ပစ္စည်းလုံခြုံ မှုများရှိအောင်    ဆောင်ရွက်ရန်နှင့်      တန်ဖိုးဖြတ် မရသည့် ရှေးဟောင်းအနုပညာလက်ရာများ ပျက်စီး မှုများ    မရှိအောင်      ထိန်းသိမ်းဆောင်ရွက်ရန်လို ကြောင်း၊ ဈေးဆိုင်များ စနစ်တကျရှိစေရေးအတွက်  လည်း တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း၊ ရောင်းချလျက်ရှိသည့် ပစ္စည်းများ ကိုလည်း    ပုဂံဒေသမှထုတ်လုပ်သည့်    ပစ္စည်းများ  ဖြစ်စေရေး (One Region One Product) ဖြစ်အောင်  ဆောင်ရွက်ရန်လိုကြောင်း၊  နိုင်ငံတကာ ဧည့်သည် များအနေဖြင့် မိမိတို့နိုင်ငံရှိ ဈေးဆိုင်များကိုကြည့်၍ မြန်မာတို့၏ ပုံရိပ်ကိုထင်ဟပ်စေနိုင်သဖြင့် စည်းကမ်း တကျရှိနေရန်လိုကြောင်း။

 


ယခုထက်ပိုမိုတိုးတက်လာမည်


အလားတူ      အစားအစာများနှင့်ပတ်သက်၍ ဒေသအစားအစာများဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွား များကို စွဲဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်စေလို  ကြောင်း၊ ပုဂံဒေသတွင် ပုံးရည်ကြီးများထွက်ရှိသဖြင့် ပုန်းရည်ကြီးကို    အခြေခံသည့်    အဆင့်မြင့်ဒေသ အစားအစာများကို ကြံဆဆောင်ရွက်နိုင်ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ပြည်ပခရီးသွား များကို စွဲဆောင်နိုင်ရေး ဆောင်ရွက် သွားမည်ဆိုပါက  ပုဂံဒေသသည် ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း ပြောကြားခဲ့ကြောင်း  သတင်းရရှိသည်။ 


သတင်းစဉ်