ရန်ကုန် ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး ညောင် နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူး ဇုန် ဦးဆောင်ကော်မတီ အဖွဲ့ဝင်၊ စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သယံ ဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မှော်ဘီ မြို့နယ်နှင့် လှည်းကူးမြို့နယ် အတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုး မွေးမြူရေး အထူးဇုန်သို့ သွား ရောက်ပြီး ဇုန်ဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး ၍ ကြီးကြပ်ဆောင်ရွက်ပေးကြ သည်။
ရှေးဦးစွာ လှည်းကူးမြို့နယ် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် ဇုန်(၃)အတွင်း စိုက်ပျိုး မွေးမြူရေးခြံများ လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ထိုမှ တစ်ဆင့် မှော်ဘီမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုး ရေးဦးစီးဌာန ညောင်နှစ်ပင် စိုက်ကွင်း အစည်းအဝေးခန်းမသို့ သွားရောက်၍ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်၊ ဇုန်အလိုက် အနီးကပ် ကြီးကြပ် ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဇုန်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေးသည်။
ဆက်လက်၍ ဇုန် (၁)၊ (၂)၊ (၃)တို့မှ တာဝန်ရှိသူများက ဇုန် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်း တင်ပြရာ မြို့တော်ဝန်နှင့် သယံ ဇာတရေးရာဝန်ကြီးတို့က လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူး ကြီး နေသွေးက ဇုန်လုံခြုံရေး ကိစ္စရပ်များအား ရှင်းလင်းတင်ပြ ရာ မြို့တော်ဝန်နှင့်ဝန်ကြီးတို့က လိုအပ်သည်များ မှာကြားပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဇုန်တာဝန်ရှိသူများကို လုံခြုံရေး ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မြို့တော်ဝန်၊ ဝန်ကြီးနှင့် အဖွဲ့သည် ဇုန်(၂) M-7 လမ်းတစ်လျှောက် စိုက်ပျိုး မွေးမြူရေးခြံများ လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ အထူးဇုန် (၁ ) ဟင်းသီးဟင်းရွက် လက်ကားဈေး တည်ဆောက်မည့် မြေနေရာသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ လက်ကား ဈေး အဆောက်အအုံများနှင့် စိုက်ခင်းပြုလုပ်မည့် မြေနေရာများ ကို လည်းကောင်း၊ လမ်းဦးစီးဌာန နှင့် ကျေးလက်လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်နှစ်ပင် အဝင် လမ်း လမ်းသားတို့ချဲ့၍ အပင်များ အလင်းဖွင့်နေမှုနှင့် ဂျိုးဖြူပိုက်လိုင်း ဖြတ် Box Culvert ကို အကျယ် ၂၆ ပေအထိ ရရှိအောင် တိုးချဲ့ ပြုပြင် တည်ဆောက်နေမှုကို လည်းကောင်း၊ ပြည်လမ်းမှ ညောင်နှစ်ပင်အဝင် ဆတ်သွား တောလမ်းဆုံတွင် အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) မှ မူလ အကျယ် ၁၀ ပေ ကတ္တရာလမ်း ကွန်ကရစ် ထပ်ပိုးလွှာခင်းကျင်းနေ မှုနှင့် လမ်းဆုံတြိဂံကျွန်း ပြုပြင် တည်ဆောက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားကြောင်း သိရ သည်။
သတင်းစဉ်



