နည်းပညာတက္ကသိုလ်(မကွေး)၌ ပြည်ထောင်စုအကအလှ ပဒေသာပွဲတော်နှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

 

မကွေး   ဖေဖော်ဝါရီ   ၂၁


နည်းပညာတက္ကသိုလ်(မကွေး)    ပြည်ထောင်စု              အကအလှ  ပဒေသာပွဲတော်နှင့်   မောင်မယ် သစ်လွင်ကြိုဆိုပွဲကို   ဖေဖော်ဝါရီ   ၁၈   ရက်က  အဆိုပါ တက္ကသိုလ်    ဘွဲ့နှင်းသဘင်ခန်းမ၌   ကျင်းပရာ တိုင်းဒေသကြီး      ဝန်ကြီးချုပ်  ဦးတင့်လွင်နှင့်       ဝန်ကြီးများ၊    မကွေးနည်းပညာ    တက္ကသိုလ်      ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ တင်ဆန်းနှင့်   တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်(မကွေး)ရှိ ကျောင်းသား   ကျောင်းသူများ တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က     ပွဲတော်တွင် တိုင်းရင်းသားများ၏        ရိုးရာ ယဉ်ကျေးမှုအကများ၊    မြန်မာ အမျိုးသမီးများ၏   ဝတ်စား ဆင်ယင်မှုနှင့် မြန်မာသံစဉ်တေး သီချင်းများကို   ထည့်သွင်းထား ကြောင်း၊  ကျောင်းသား  ကျောင်းသူ များအနေဖြင့်    မြန်မာ့ရိုးရာဓလေ့  ထုံးတမ်း       စဉ်လာများနှင့်           ယဉ်ကျေးမှု     အမွေအနှစ်များကိုပါ မြင်တွေ့ရပြီး   လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရန်   မှာကြား လိုကြောင်းနှင့်     ကျောင်းသား   ကျောင်းသူများအနေဖြင့်လည်း ထူးချွန်ထက်မြက်သည့် အင်ဂျင် နီယာပညာရှင်များ ဖြစ်လာသည် အထိ ကြိုးပမ်းသင်ယူကြရန်နှင့်  ခေတ်နှင့်အညီ       တိုးတက်  ပြောင်းလဲနေသည့်   အသိပညာ၊  အတတ်ပညာများကို        လည်း မျက်ခြည်မပြတ်         ကြိုးပမ်း သင်ယူကြရမည်     ဖြစ်ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍   နည်းပညာ တက္ကသိုလ်(မကွေး)       ဒုတိယ ပါမောက္ခချုပ် ဒေါက်တာတင်ဆန်း က   ပြည်ထောင်စုအကအလှ     ပဒေသာပွဲတော်နှင့်  မောင်မယ် သစ်လွင် ကြိုဆိုပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပြီး  ကျောင်းသား ကျောင်းသူလေး များက  မြန်မာ့ရိုးရာတေးသီချင်း များ၊     တိုင်းရင်းသားရိုးရာ တေးသီချင်းအကများနှင့် ခေတ် ငါးခေတ်     မြန်မာ့ရိုးရာအမျိုးသမီး များ၏ ဝတ်စားဆင်ယင်မှုများကို  တင်ဆက်ပြသဖျော်ဖြေကြသည်။ 

 


ထို့နောက်     နည်းပညာ တက္ကသိုလ် (မကွေး) ရှိ ဘာသာရပ် အလိုက်     ရွေးချယ်ထားသော မောင်မယ်သစ်လွင် ကျောင်သား ကျောင်းသူလေးများက တိုင်းရင်း သားရိုးရာ   တေးသီချင်းများဖြင့်    လည်းကောင်း၊ ကျောင်းသူများက မျက်မှောက်ခေတ်  အမျိုးသမီး များ၏ ဝတ်စားဆင်ယင်မှုများကို လည်းကောင်း  ပြသတင်ဆက်ခဲ့ ကြပြီး    ဘာသာရပ်အလိုက် မောင်မယ်သစ်လွင်   ဆုရရှိသည့် ကျောင်းသား  ကျောင်းသူများ အား   တိုင်းဒေသကြီး   ဝန်ကြီးချုပ် နှင့်    ဇနီးတို့က    စလွယ်များနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။ 


မောင်ညီညာ