
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ကြေညာချက်
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ သင်တန်းများဖွင့်လှစ်ခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရ နည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန်၊ ဒီပလိုမာနှင့် သင်တန်းအသီးသီးကို (၆-၁-၂၀၂၂)ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည် -
(က) နည်းပညာတက္ကသိုလ်များ
(၁) B.S Bio-Tech (တတိယနှစ်)
(၂) B.E/B.Arch (ပဉ္စမနှစ်)
(၃) B.E (ဆဋ္ဌမနှစ် - Internship & mini-thesis ဆောင်ရွက်ဆဲ)
(၄) ဘွဲ့လွန် ဒီပလိုမာ
(၅) မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ရှိ ပထမနှစ်မှ ပဉ္စမနှစ်အထိ
(ခ) ကွန်ပျူတာတက္ကသိုလ်များ
(၁) စတုတ္ထနှစ်
(၂) ဘွဲ့ကြို ဒီပလိုမာ
(၃) ဘွဲ့လွန် ဒီပလိုမာ
(၄) မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ရှိ ပထမနှစ်မှ စတုတ္ထနှစ်အထိ
(ဂ) အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ
(၁) AGTI ပထမနှစ်
(၂) AGTI ဒုတိယနှစ်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန