
နေပြည်တော် စက်တင်ဘာ ၁
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ တင်ပို့သည့်နှမ်းများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း များ ပိုမိုများပြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၅ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုဝန်ကြီးဌာန မြန်မာ့ကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့က ဦးစီး၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ တင်ပို့သည့်နှမ်းများတွင် ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ပိုးသတ်ဆေးဓာတ်ကြွင်း ပမာဏထက်များစွာ ကျော်လွန် လာသည့် ဖြစ်ရပ်များကြောင့် သတ်မှတ်ထားသည့် ပိုးသတ်ဆေးဓာတ်ကြွင်း ပမာဏအတွင်းမှသာ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံသို့ တင်ပို့မည့် စားသောက်ကုန်များတွင် အများဆုံးရှိရမည့် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏများ၊ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမား နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ စားသောက်ကုန်လုံခြုံရေးစံသတ်မှတ်ချက်နှင့် အကဲဖြတ်ဌာနက ဂျပန်နိုင်ငံသို့တင်ပို့မည့် စားသောက်ကုန်များနှင့် ပတ်သက်၍ ပြင်ဆင်သတ်မှတ်ထားသည့် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏ သတ်မှတ်ချက် များ၊ နောက်ဆုံးအခြေအနေများကို သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့၊ ကုမ္ပဏီ များက ဆွေးနွေးကြပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ပိုးသတ် ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး သတ်မှတ်ချက်နှင့်အညီ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်းမှ တာဝန်ရှိသူများက ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုရိုး