
နေပြည်တော် နိုဝင်ဘာ ၂၃
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ် မန်မိုင်မုန်းကွမ်း ကျေးရွာအတွင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများရှိ
အကြမ်းဖက်အုပ်စုများသို့ ရောင်းချရန် လက်နက်/ခဲယမ်းများ စုဆောင်းသိမ်းဆည်းထားကြောင်း တာဝန်သိပြည်သူအချို့၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဖော်ထုတ် ရှင်းလင်းခြင်းကို နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ကျေးရွာအတွင်းရှိ ဦးစိုးလွင်(ဘ)ဦးစုန်ရွှင်ရွှင်း၏ နေအိမ်အတွင်း မြေအောက်ခန်းမှ Type-56 သေနတ် တစ်လက်၊ ကေ(၁၂)သေနတ် တစ်လက်၊ Type-81 သေနတ် သုံးလက်၊ ဘီအေ (၆၃)သေနတ် ခုနစ်လက်၊ ဘီအေ (၉၄)သေနတ် လေးလက်၊ အမ် ၂၂ ကျည်အိမ် အခု ၂၀၊ ကျည်အိမ် အဝိုင်း တစ်ခု၊ ကျည်မျိုးစုံ ၁၉၄၅ တောင့်၊ ဒီတို နေတာ ၁၃ ခုနှင့် ယမ်းကြိုးခွေ လေးခွေကို လည်းကောင်း၊ ည ၁၁ နာရီခန့်တွင် ၎င်းနေအိမ် ၏ မြင်းတင်းကုပ်အတွင်းမှ Type-56 သေနတ် ၃၄ လက်နှင့် အမ် ၂၂ ကျည်အိမ် ၁၀၅ ခုကို လည်း ကောင်း စုစုပေါင်း လက်နက်မျိုးစုံ အလက် ၅၀၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ ခဲ့သည်။
ဖော်ထုတ်ရှင်းလင်း
တပ်မတော်စစ်ကြောင်းများအနေဖြင့် စစ်ဆင် ရေး၊ နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခုဖော်ထုတ် ရှင်းလင်းရရှိသည့် မန်မိုင်မုန်းကွမ်းကျေးရွာ၏ မြောက်ဘက် ၇ ကီလိုမီတာအကွာရှိ ဟိုမိန်းကျေးရွာ အတွင်းမှလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လေယာဉ်ပစ် ပခုံးထမ်းဒုံး (FN-6) တစ်လက် အပါအဝင် လက်နက်ကြီးနှင့် လက်နက်ငယ်မျိုးစုံ အလက် ၁၇၀ နှင့် ခဲယမ်း၊ ဆက်စပ်ပစ္စည်းများကိုလည်း ယခုကဲ့သို့ ထာဝရငြိမ်းချမ်းရေးကို လိုလားနှစ်သက် ကြသည့် တိုင်းရင်းသားပြည်သူအချို့၏ သတင်းပေးမှု ကြောင့် ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။
လုံခြုံရေးလုပ်ငန်းများ
တိုးမြှင့်ဆောင်ရွက်
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ၏ ဘဝလုံခြုံရေးအတွက် အကြမ်းဖက်လုပ်ရပ်များ မဖြစ်ပေါ်စေရန် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မိဘ ပြည်သူများအနေဖြင့်လည်း မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်အတူ ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံထားသည်။
သတင်းစဉ်