
နေပြည်တော် အောက်တိုဘာ ၂
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရှိ တပ်မတော်သားများ၊ ရှမ်း ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နမ့်ဆန် ဒေသ တိုင်းရင်းသားပြည်သူများ က စုပေါင်းလှူဒါန်းသည့် Boly စက်အမျိုးအစား Oxygen Plant စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံ ကြီးရှိ အဆိုပါ Oxygen Plant စက်ရုံ၌ ပြုလုပ်သည်။
ဖွင့်ပွဲသို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာရဲအောင် ထွန်း၊ နမ့်ဆန်မြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံတိုင်းရင်း သားပြည်သူများ တက်ရောက်ကြ သည်။ ယင်းနောက် တာဝန်ရှိသူများ က အောက်ဆီဂျင်စက်ရုံကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြပြီး(အောက်ပုံ) အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများအား ပြန်လည် ပေးအပ်သည်။
အဆိုပါ Oxygen Plant စက်ရုံ မှ တစ်နေ့လျှင် လီတာ ၄၀ ဝင် အောက်ဆီဂျင် ၇၂ လုံး ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာများနှင့် ဒေသခံပြည်သူ များထံသို့ အခမဲ့ဖြန့်ဝေလှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်