နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

 

ဇီးပင်ကြီး    ဧပြီ    ၂


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင်   ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ် ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များနှင့်ပတ်သက်၍  အသိပညာပေးဆွေးနွေးပွဲ  အခမ်းအနားကို   ယနေ့  မွန်းလွဲ   ၂  နာရီက   ရတနာခန်းမ၌    ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊    ဒုတိယပါမောက္ခချုပ်၊      တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အရာ ထမ်း၊ အမှုထမ်းများ စုစုပေါင်း  ၅၁၀ တက်ရောက် ကြသည်။
အခမ်းအနားတွင်         နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်  (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက  ဝန်ထမ်းများကို ယခင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ သမိုင်းကြောင်း နောက်ခံအခြေအနေများနှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များကို တိတိကျကျ သဘောပေါက်     နားလည်စေရန်     ပထမအကြိမ် ရှင်းလင်းပြောကြားပြီးဖြစ်ပါကြောင်း၊ ယခုပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ခွင့် ပြုလိုက်သည့်     နောက်ဆက်တွဲပါ   ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့  ခွင့်နှင့်   ရွှေ့ဆိုင်းခွင့်များကို  အချိန်နှင့်တစ်ပြေးညီ သိရှိစေရေး       ထပ်မံဖြည့်စွက်       အသိပညာပေး ဟောပြောရခြင်း     ဖြစ်ပါကြောင်း၊      အရာထမ်း၊ အမှုထမ်းများအနေဖြင့်    ကိုယ်တိုင်သိရှိရုံသာမက မိမိ   မိသားစုနှင့်    ပတ်ဝန်းကျင်   ပြည်သူများကိုပါ ထပ်ဆင့်    မျှဝေရှင်းလင်း၍      အသိပညာဝေငှနိုင် ရေး     သေချာစွာ      မှတ်သားကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍    ဥပဒေပညာဌာနမှ   ပါမောက္ခ ဒေါ်ဝင်းဝင်းမာက    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် နောက်ဆက် တွဲပါ     ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း      တာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များကို  ပြည်သူ့စစ်မှုထမ်းဥပဒေပါ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့် များနှင့် ယှဉ်တွဲဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အရာထမ်းများနှင့်   အမှုထမ်းများက    သိလိုသည် များမေးမြန်းကြသည့်အပေါ် ဖြေကြားဆွေးနွေးမှုများ  ပြုလုပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။  


သတင်းစဉ်