နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းကြီးကြပ်သင်တန်းအမှတ်စဉ်(၉၁) သင်တန်းဆင်း

 

ရန်ကုန် ဖေဖော်ဝါရီ  ၂၄  


စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ် (၉၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက   ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပ သည်။
အခမ်းအနားတွင် သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုကြသည်။

 


ထို့နောက် ပါမောက္ခချုပ်က သင်တန်းသား စံပြဆုကို ဦးစောကျော်ကျော် ဌာနခွဲစာရေး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးဥပဒေရေးရာဝန်ကြီးဌာနကို  လည်းကောင်း၊ သင်တန်းသူ စံပြဆုကို    ဒေါ်ပန်းအိဖြူ    ဒုတိယကြီးကြပ် ရေးမှူး    မြန်မာ့အာမခံလုပ်ငန်း   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို     လည်းကောင်း ချီးမြှင့်ပြီး    သင်တန်းသား၊       သင်တန်းသူ ပထမဆု၊  ဒုတိယဆု၊  သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို   ချီးမြှင့်ပြီးနောက်  သင်တန်းဆင်းအမှာစကား ပြောကြားသည်။ 

 


စာရေးဝန်ထမ်း    ကြီးကြပ်သင်တန်း အမှတ်စဉ် (၉၁) သင်တန်းသို့ သင်တန်းသား ၃၉ ဦး၊ သင်တန်းသူ ၁၁၈ ဦး စုစုပေါင်း ၁၅၇ ဦး တို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်ခဲ့ ကြောင်း သိရသည်။                  

သတင်းစဉ်