
နေပြည်တော် မေ ၅
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးသည် မေ ၅ ရက်တွင် နေပြည်တော်ရှိ အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်း သီရိ မင်္ဂလာခန်းမ၌ ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာနမှ “နိုင်ငံ့ဝန်ထမ်းများ၏ တာဝန် ထမ်းဆောင်မှုဆိုင်ရာ ကိုယ်ရေး အချက်အလက်များ ဖြည့်သွင်း ခြင်းလုပ်ငန်း”သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ စုစည်းဖြည့်သွင်းခြင်း ဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေး သည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် အရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက် မှတ် တမ်းများကို တစ်နေရာတည်းတွင် စုစည်းထိန်းသိမ်းထားပြီး နိုင်ငံ တော်၏ e-Government လုပ်ငန်း များ၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အထောက် အကူပြုစေရန် e - Recruitment and Integrated Civil Service System (e - RICSS) စီမံကိန်းပါ Civil Service Personal Database Management System တွင် Digital စနစ်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်း အင်အားများပြားသည့် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကိုယ်ရေး အချက်အလက် ဖြည့်သွင်းသည့် လုပ်ငန်းကို လျင်မြန်စွာ ထည့်သွင်း ရန် ရည်ရွယ်၍ ယခုကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျွမ်းကျင်သူများခေါ်ယူ၍ တစ်စု တစ်စည်းတည်း ဆောင်ရွက် သည်မှာ ထိရောက်ကောင်းမွန် သော အစီအမံဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ဝန်ထမ်းမှတ်တမ်း ရယူထိန်းသိမ်း ခြင်း လုပ်ငန်းအတွက် များစွာ အထောက်အကူဖြစ်သည့် အပြင် ဝန်ထမ်းအင်အား များပြားသည့် အခြားဝန်ကြီးဌာန/ အဖွဲ့အစည်း များအတွက်လည်း ယခုကဲ့သို့ စီမံ ဆောင်ရွက်နိုင်ရေး နမူနာဖြစ်ပါ ကြောင်း၊ ကိုယ်ရေးမှတ်တမ်းများ ကို Digital စနစ်တွင် တစ်နေရာ တည်း စုစည်း၍ ထည့်သွင်းနိုင် အောင် စီမံပေးသော ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကိုယ်တိုင်ကိုယ်ကျ ထည့်သွင်း ဆောင်ရွက်ပေးသူများအား အထူး ကျေးဇူးတင်ပါကြောင်း၊ အချက် အလက်ဖြည့်သွင်းရာ၌ မှန်ကန်မှု နှင့် လုံခြုံမှုရှိစေရေး အထူးအလေး ထားစနစ်တကျ ဆောင်ရွက်ပေး စေလိုကြောင်း၊ အခက်အခဲရှိပါ ကလည်း ပြည်ထောင်စုရာထူးဝန် အဖွဲ့က အချိန်မီမြန်ဆန်စေ ရေး စီမံဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြောကြားပြီး ကိုယ်ရေး အချက်အလက် ဖြည့်သွင်းခြင်း လုပ်ငန်းတွင် ပါဝင်ဆောင်ရွက် လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပညာရေးဝန်ကြီး ဌာနအောက်ရှိ ဝန်ထမ်းများ အား အားပေးစကားပြောကြား၍ အမှတ်တရ လက်ဆောင်နှင့် စားသောက်ဖွယ်ရာများ ပေးအပ် သည်။
၎င်းနောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် အဖွဲ့ ဝင်များဖြစ်သည့် ဦးရဲနိုင်၊ ဦးစိုး တင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ Digital စနစ်ဖြင့် ဝန်ထမ်းကိုယ်ရေး အချက်အလက်များ လက်တွေ့ ဖြည့်သွင်း ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်