နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) မိဘပြည်သူများသို့ အသိပေးပန်ကြားခြင်း

 

-    မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများတွင် အငြိမ်းစားလစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်းဦးရေ (၇) သိန်းကျော်ရှိပြီး အငြိမ်းစားလစာများကို လစဉ် ၂၁ ရက်နေ့မှစ၍ ထုတ်ယူလျက်ရှိကြသည်။ 

 


-    မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားလစာထုတ်ယူမှု အဆင်ပြေချောမွေ့စေရေးအတွက် e-pension စနစ်ကို ၂၀၁၂ ခုနှစ်မှ စတင်အသုံးပြုဆောင်ရွက်ပေးလျက်ရှိသည်။ 

 


-    အငြိမ်းစားလစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ငွေစာရင်းမှထုတ်ယူ ခြင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက်များမှ ငွေထုတ်ယူခြင်း၊ Myanmar Mobile Money (MMM) စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍ထုတ်ယူခြင်း၊ Mobile Agent များမှ တစ်ဆင့်ထုတ်ယူခြင်း  စသည့်နည်းလမ်းများဖြင့်  ဆောင်ရွက်နိုင်ကြောင်းကိုလည်း  အသိပေး ကြေညာထားပြီးဖြစ်သည်။

 


-    မြန်မာ့စီးပွားရေးဘဏ်သည်     အငြိမ်းစားလစာထုတ်ယူမှုများ     အဆင်ပြေစေရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ဘဏ်များတွင် e-pension စက်များ တိုးချဲ့တပ်ဆင်ပေးခြင်း၊ ငွေထုတ် ကောင်တာများတိုးချဲ့ပေးခြင်း၊ အငြိမ်းစားများစောင့်ဆိုင်းနိုင်ရန် နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း၊ ငွေထုတ်ပေးမှု မြန်ဆန်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အငြိမ်းစားလစာ ထုတ်ပေးသည့်ရက်များ တွင် ဘဏ်ဝန်ထမ်းများက ဘဏ်လုပ်ငန်းချိန်မတိုင်မီ  နံနက် (၀၆:၀၀) နာရီမှစ၍  ဖွင့်လှစ်ပြီး အငြိမ်းစားလစာများအားထုတ်ပေးခြင်း၊ နောက်လအတွက် ကြိုတင်တိုကင်ထုတ်ပေး၍ သင့်တော် သည့် နေ့ရက်၊ အချိန်ခွဲခြား ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 


-    နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များ အငြိမ်းစားလစာထုတ်ယူမှုနှင့်ပတ်သက်၍ အခက်အခဲတစ်စုံ တစ်ရာရှိပါက သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများထံ ဆက်သွယ်ဆောင်ရွက်နိုင်ပါ ကြောင်းနှင့်    မြန်မာ့စီးပွားရေးဘဏ်အနေဖြင့်   ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မေတ္တာရပ်ခံ အသိပေးပန်ကြားအပ်သည်။
         

မြန်မာ့စီးပွားရေးဘဏ်