
နေပြည်တော် နိုဝင်ဘာ ၂၅
အာရှနှင့် ပစိဖိတ်ဒေသအတွင်း နေထိုင်ကြသည့် လူပုဂ္ဂိုလ်များ အကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် စေရေးနှင့် ယဉ်ကျေးမှုများ အပြန် အလှန် နားလည်စေရေး ရည်ရွယ် ချက်ဖြင့် အာရှနှင့်ပစိဖိတ်ဒေသ ယဉ်ကျေးမှုဌာန ယူနက်စကို (ACCU) တိုကျို၊ ဂျပန်နိုင်ငံက ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများ နှင့် ယူနက်စကိုတို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကလေးလူငယ် စာစဉ်များကို ထုတ်ဝေခဲ့သည်။
အဆိုပါ စာစဉ်များအနက် အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံမှ စာရေးသူ များနှင့် သရုပ်ဖော်ပညာရှင်များ ပါဝင်အားဖြည့်ထားသည့် "Meet My Friends!" စာအုပ်ကို စာပေ ဗိမာန်၊ ဘာသာပြန်ဌာန စာတည်း များက မြန်မာဘာသာသို့ ဘာသာ ပြန်ဆို၍ “ကမ္ဘာတစ်လွှားရှိ မိတ်ဆွေများ”အမည်ဖြင့် ထုတ်ဝေလိုက်သည်။
“ကမ္ဘာတစ်လွှားရှိ မိတ်ဆွေ များ” စာအုပ်တွင် နိုင်ငံ ၁၄ နိုင်ငံမှ လူပုဂ္ဂိုလ်များ၏ မတူညီသည့် ယဉ်ကျေးမှုအမျိုးမျိုး၊ လူနေမှု ဘဝ၊ စားသောက်နေထိုင်မှုပုံစံ၊ ကစားနည်းအမျိုးမျိုးနှင့် ပွဲတော် သဘင်များကို ရှာဖွေလေ့လာနိုင် မည့်၊ မျှဝေခံစားနိုင်မည့် အခွင့် အရေးကို ကလေးလူငယ်များ ရရှိ နိုင်မည်ဖြစ်သည်။
ဤစာအုပ်ကို ကျောင်း စာကြည့်တိုက် သို့မဟုတ် အိမ်များ တွင် ထားရှိ၍ ဆရာ ဆရာမများ၊ လူကြီးမိဘများက ကလေးလူငယ် များ နိုင်ငံတကာယဉ်ကျေးမှုများ ကို နားလည်စေရေးအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။
“ကမ္ဘာတစ်လွှားရှိ မိတ်ဆွေ များ” စာအုပ်ကို ကြွေစက္ကူရောင်စုံ ပုံများနှင့် ပုံနှိပ်ထားပြီး တန်ဖိုး ငွေကျပ် ၁၂၀၀ ဖြင့် ရန်ကုန်မြို့ အမှတ် ၅၂၉ - ၅၃၁ ကုန်သည် လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ် ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
သတင်းစဉ်