
မန္တလေး ဧပြီ ၁၅
မဟာအောင်မြေမြို့နယ် ဗန်းမော် ကျောင်းတိုက်တွင် သီတင်းသုံး နေတော်မူသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက်ဆရာတော် ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသ ကြီး ဝန်ကြီးများသည် တာဝန်ရှိ သူများလိုက်ပါပြီး ယနေ့နံနက်ပိုင်း က သွားရောက်ဖူးမြော်ကာ ကျန်းမာရေး အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို လျှောက်ထားခဲ့ သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့က ဆရာတော်ကြီး ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး မန္တလေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင်နှင့် အထူးကု ဆရာဝန်ကြီးများက ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေး ခဲ့သည်။
ထိုသို့ စစ်ဆေးပေးပြီးနောက် ဆရာတော်ကြီးအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုကို အနီးကပ်ကြီးကြပ်ပြီး အပြည့်အဝ ဆောင်ရွက်ကုသမှု ပေးနိုင်ရန် အတွက် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးရှိ မန်းတောင် ရိပ် ကိုးထပ်ဆောင်၏ ငါးထပ်တွင် အထူးသီးသန့်ခန်းသို့ ပင့်ဆောင် ပြီး အထူးကုဆရာဝန်ကြီးများ က ကျန်းမာရေးစစ်ဆေးမှုများကို အနီးကပ် ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့ က ဆရာတော်ကြီးအား ဖူးမြော် ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် စနစ်တကျ အထူး ကြပ်မတ်ဆောင်ရွက်သွားရေးတို့ ကို မှာကြားပြီး လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း၊ ကျန်းမာရေးစောင့်ရှောက် မှုခံယူနေစဉ်အတွင်း ဆရာတော် ကြီးအား ဖူးမြော်ခြင်းနှင့် ကျန်းမာ ရေးအခြေအနေ လျှောက်ထားမှု များကို လတ်တလောကျန်းမာရေး အခြေအနေအရ ခွင့်မပြုထား ကြောင်း သတင်းရရှိသည်။
သတင်းစဉ်