
နေပြည်တော် နိုဝင်ဘာ ၂၈
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့၏ (၂၆) ကြိမ်မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
၈၆ ပါး ကြွရောက်
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ ဆရာ တော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့မှ သင်ကြား/စီမံ ဆရာတော် များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မှ ဘွဲ့ခံသံဃာတော် အပါး ၇၀၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)မှ ဘွဲ့ခံ သံဃာတော် ၈၆ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ပရိသတ် အပေါင်းတို့က နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ၏ အဓိပတိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ ဆရာတော် ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သာရဏီယဩဝါဒကထာ နာယူကြသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ (မိုင်းသောက်) ဆရာတော် ကြီးထံမှ သမ္မောဒနီယဩဝါဒကထာနာယူကြသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကုမုဒက (၂၆)ကြိမ်မြောက် သာသန တက္ကသီလ မဟာဘွဲ့နှင်းသဘင်နှင့်စပ်လျဉ်း၍ လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက သာသနာရေးဆိုင်ရာ များကို လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းဆရာတော်က သာသနတက္ကသီလဓမ္မပါရဂူ ဘွဲ့တံဆိပ်တော်ခံယူ မည့် ရဟန်းတော်၏ ဘွဲ့တော်ကို ကြေညာ၍ အုပ်ချုပ် ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော် ကြီးထံတွင် ဘွဲ့စာရင်းကို အတည်ပြုလက်မှတ်ရေးထိုး သည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်း ဆရာတော်က သာသနတက္ကသီလမဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ခံယူမည့် ရဟန်းတော်များနှင့် သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့ခံယူမည့်ရဟန်းတော်တစ်ပါးချင်း၏ ဘွဲ့တော်ကိုကြေညာ၍ ပါမောက္ခချုပ်ဆရာတော် ထံတွင် ဘွဲ့ခံယူပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းဆရာတော်က သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ခံယူမည့် ရဟန်းတော်များနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ခံယူမည့် ရဟန်းတော် တစ်ပါးချင်း၏ ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ်ဆရာတော်ထံ တွင် အသီးသီး ဘွဲ့ခံယူကြသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြု ကတိသစ္စာခံယူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်း အနား တက်ရောက်လာကြသည့် ပရိသတ်အပေါင်း တို့သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် များ၏ ဒုတိယအဓိပတိ၊ နိုင်ငံတော်သံဃမဟာ နယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂဓမ္မဆရာတော် ကြီးထံမှ အနုမောဒနာတရားနာကြား၍ ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာ နာယကဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသော ပင့်သံဃာတော် ၁၈ ပါး၊ ဘွဲ့ခံရဟန်းတော် ၁၃၈ ပါး စုစုပေါင်း ၁၅၆ ပါးတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးတို့အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲ များ၊ အလှူရှင်များက ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် နံနက် ၈ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ အနုပညာ ဦးစီးဌာနသို့ရောက်ရှိပြီး အနုပညာအထက်တန်း ကျောင်း ပန်တျာ၊ ပန်းချီ ပန်းပုဌာနရှိ ကျောင်းသား များ၏ လက်တွေ့ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေး၍ ထုတ်လုပ်ဌာနစုရှိ လေ့ကျင့်ရေး ဇာတ်ရုံ၌ အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်ပြ တင်ဆက်မှုနှင့် ထုတ်လုပ်ဌာနစု(မန္တလေး)မှ အနုပညာ ရှင် ဝန်ထမ်းများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက အနုပညာအထက်တန်းကျောင်း (မန္တလေး)မှ ကျောင်းသား ကျောင်းသူလေးများကို အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အမျိုးသား ဇာတ်ရုံ(မန္တလေး)၌ မန္တလေးမြို့ရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနုပညာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
သတင်းစဉ်