နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့၏ (၂၆)ကြိမ်မြောက် သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ  ၂၈

 


နိုင်ငံတော်      ပရိယတ္တိသာသနာ့ တက္ကသိုလ်   (ရန်ကုန်/   မန္တလေး) တို့၏     (၂၆)   ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်  အခမ်းအနား ကို     ယနေ့    မွန်းလွဲပိုင်းတွင် နိုင်ငံတော်    ပရိယတ္တိသာသနာ့ တက္ကသိုလ်    (မန္တလေး)   မဟာ ဘွဲ့နှင်းသဘင်ခန်းမ၌    ကျင်းပသည်။

 


ဘွဲ့ခံသံဃာတော် ၈၆ ပါး ကြွရောက်


အခမ်းအနားသို့  နိုင်ငံတော်  သံဃမဟာနာယကအဖွဲ့   ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်   ဆရာ တော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ အမှူးပြုသည့် တက္ကသိုလ်  အုပ်ချုပ်ရေးဗဟိုအဖွဲ့      ဆရာ တော်များ၊ ထေရဝါဒဗုဒ္ဓသာသနာ ပြု ဩဝါဒါစရိယအဖွဲ့ဆရာတော် များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်    (ရန်ကုန်/မန္တလေး) တို့မှ သင်ကြား/စီမံ ဆရာတော် များ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့  တက္ကသိုလ်  (ရန်ကုန်)မှ     ဘွဲ့ခံ သံဃာတော်အပါး ၇၀၊ နိုင်ငံတော်      ပရိယတ္တိ    သာသနာ့တက္ကသိုလ်  (မန္တလေး)မှ    ဘွဲ့ခံသံဃာတော် ၈၆ ပါး ကြွရောက်ချီးမြှင့်တော်မူ ကြပြီး သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊  မန္တလေးတိုင်း ဒေသကြီး  အစိုးရအဖွဲ့ဝန်ကြီးချုပ်     ဦးမောင်ကို၊    အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 


ရှေးဦးစွာ   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး     အမှူးပြုသော ပရိသတ်အပေါင်းတို့က နိုင်ငံတော်     ပရိယတ္တိ     သာသနာ့တက္ကသိုလ် များ၏   အဓိပတိ     နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌ  ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ ဆရာတော်ကြီးထံမှ ငါးပါးသီလ       ခံယူဆောက်တည်ပြီး သာရဏီယ ဩဝါဒကထာ  နာယူကြသည်။ 
ဆက်လက်၍     နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဆရာ တော်     နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသ (မိုင်းသောက်) ဆရာတော်ကြီးထံမှ သမ္မောဒနီယ ဩဝါဒကထာ နာယူကြသည်။

 


ယင်းနောက်      နိုင်ငံတော် ပရိယတ္တိ    သာသနာ့တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်း ဆရာ တော် ဒေါက်တာဘဒ္ဒန္တကုမုဒက (၂၆)ကြိမ်မြောက်          သာသန  တက္ကသီလမဟာဘွဲ့နှင်းသဘင်နှင့် စပ်လျဉ်း၍   လျှောက်ထားသည်။
ထို့နောက်      ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍   မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုက  သာသနာရေးဆိုင်ရာ များကို    လျှောက်ထားသည်။

 


ထို့နောက်         နိုင်ငံတော် ပရိယတ္တိ      သာသနာ့တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်း ဆရာ တော်က  သာသနတက္ကသီလဓမ္မ ပါရဂူဘွဲ့တံဆိပ်တော်  ခံယူမည့်  ရဟန်းတော်၏      ဘွဲ့တော်ကို ကြေညာ၍  အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ      နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသ ဆရာတော်ကြီး ထံတွင် ဘွဲ့စာရင်းကို အတည်ပြု လက်မှတ်ရေးထိုးသည်။ 

 


ယင်းနောက်     နိုင်ငံတော် ပရိယတ္တိသာသနာ့  တက္ကသိုလ် (ရန်ကုန်)  မော်ကွန်းထိန်း ဆရာ တော်က    သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ခံယူမည့်       ရဟန်းတော်များနှင့် သာသနတက္ကသီလ  ဓမ္မာစရိယ ဘွဲ့ခံယူမည့် ရဟန်းတော်တစ်ပါး ချင်း၏  ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ် ဆရာတော်ထံတွင် ဘွဲ့ခံယူပြီး   နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်   (မန္တလေး) မော်ကွန်းထိန်း     ဆရာတော်က  သာသနတက္ကသီလ    မဟာဓမ္မာ စရိယ  ဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော်များနှင့်       သာသန တက္ကသီလ ဓမ္မာစရိယဘွဲ့ခံယူမည့် ရဟန်းတော်    တစ်ပါးချင်း၏ ဘွဲ့တော်ကိုကြေညာ၍ ပါမောက္ခ ချုပ် ဆရာတော်ထံတွင် အသီးသီး  ဘွဲ့ခံယူကြသည်။ 

 


သာသနာပြု ကတိသစ္စာခံယူ


ထို့နောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့      တက္ကသိုလ်များ၏ အဓိပတိ         ဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော် များက  သာသနာပြု ကတိသစ္စာ ခံယူကြသည်။

 


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးနှင့်   အခမ်းအနား တက် ရောက်လာကြသည့်   ပရိသတ် အပေါင်းတို့သည်     နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်များ ၏  ဒုတိယအဓိပတိ၊     နိုင်ငံတော်     သံဃမဟာနာယကအဖွဲ့    ဒုတိယ ဥက္ကဋ္ဌ ဘဒ္ဒန္တ အဂ္ဂဓမ္မဆရာတော် ကြီးထံမှ       အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း  အမျှပေးဝေကြသည်။

 


အခမ်းအနား      အပြီးတွင် နိုင်ငံတော်    သံဃမဟာနာယက ဥက္ကဋ္ဌ   ဆရာတော်ကြီး  အမှူးပြု သော   ပင့်သံဃာတော်   ၁၈  ပါး၊ ဘွဲ့ခံရဟန်းတော်      ၁၃၈  ပါး စုစုပေါင်း ၁၅၆ ပါးတို့ကို သာသနာ ရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၊ မန္တလေး တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်း     စစ်ဌာနချုပ် တိုင်းမှူးတို့ အမှူးပြုသော ဌာန ဆိုင်ရာအကြီးအကဲများ၊ အလှူရှင် များက       ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသည်။

 


သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန        ပြည်ထောင်စု ဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့      ဝန်ကြီးချုပ်တို့ သည် နံနက် ၈ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ    အနု ပညာဦးစီးဌာနသို့   ရောက်ရှိပြီး အနုပညာအထက်တန်းကျောင်း ပန်တျာ၊     ပန်းချီ၊      ပန်းပုဌာနရှိ ကျောင်းသားများ၏ လက်တွေ့  ပညာသင်ကြားနေမှုများကို ကြည့်ရှု စစ်ဆေး၍      ထုတ်လုပ်ဌာနစုရှိ  လေ့ကျင့်ရေးဇာတ်ရုံ၌ အနုပညာ  အထက်တန်းကျောင်း (မန္တလေး)မှ ကျောင်းသား    ကျောင်းသူများ ၏    စွမ်းရည်ပြတင်ဆက်မှုနှင့်   ထုတ်လုပ်ဌာနစု(မန္တလေး)မှ   အနု ပညာရှင်ဝန်ထမ်းများ၏ ဖျော်ဖြေ တင်ဆက်မှုများကို       ကြည့်ရှု အားပေးကာ ပြည်ထောင်စုဝန်ကြီး က  အနုပညာအထက်တန်းကျောင်း  (မန္တလေး)မှ         ကျောင်းသား ကျောင်းသူလေးများကို အားပေး စကားပြောကြားသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး  အစိုးရအဖွဲ့  ဝန်ကြီးချုပ်တို့သည် အမျိုးသားဇာတ်ရုံ    (မန္တလေး) ၌ မန္တလေးမြို့ရှိ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာန၊ အနုပညာဦးစီးဌာနမှ ဝန်ထမ်း များနှင့်     တွေ့ဆုံအမှာစကား ပြောကြားသည်။      

သတင်းစဉ်