
ရန်ကုန် အောက်တိုဘာ ၁၁
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ၂၀၂၂-၂၀၂၃(၁၃၈၄-၁၃၈၅)ခု၊ ပညာသင်နှစ်အတွက် သာသနတက္ကသီလ ဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/ သာမဏေများသည် အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်းတစ်ခုခု အောင်မြင်ပြီး သက်တော် (၃၀) နှစ်၊ သိက္ခာ (၁၀) ဝါအောက်ရှိရမည်။
သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း (ပထမနှစ်) သို့ တက်ရောက်လိုသော ရဟန်း/ သာမဏေများသည် သာသန တက္ကသီလ ဓမ္မာစရိယဘွဲ့၊ သာသနဓဇ ဓမ္မာစရိယဘွဲ့၊ သကျသီဟ ဓမ္မာစရိယဘွဲ့၊ စေတိယင်္ဂဏ ဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော် (၃၅) နှစ်၊ သိက္ခာ (၁၅) ဝါအောက်ရှိ အရှင်မြတ်များ လျှောက်ထားနိုင်ပါ ကြောင်း သိရသည်။
ဖြေဆိုကြရမည်
သာသနတက္ကသီလ ဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက် ထားသော ရဟန်း/ သာမဏေများသည် အစိုးရပထမကြီးတန်းနှင့်ညီမျှ သော ဝိနည်းဆိုင်ရာ (၅) ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ (၅) ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ (၅)ပုစ္ဆာနှင့် အထွေထွေဗဟုသုတ (၅) ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆို ကြရမည်ဖြစ်သည်။
သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း (ပထမနှစ်) ဝင်ခွင့် လျှောက်ထားသော ရဟန်း/ သာမဏေများသည် သာသနတက္ကသီလ ဓမ္မာစရိယတန်း (စတုတ္ထနှစ်) နှင့် ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က) အတ္ထယောဇနာ (ခ) ဝါကျသဒ္ဒါ (ဂ) အဓိပ္ပာယတ္ထ (ဃ) ခေတ်လေ့လာနည်းအားဖြင့် (၁၀) ပုစ္ဆာ ဖြေဆို ရမည်။ ဒုတိယနေ့တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် (၁၀) ပုစ္ဆာ ဖြေဆိုရမည်။
ဆက်သွယ်စုံစမ်းနိုင်
သာသနာ့တက္ကသိုလ်ဝင်ခွင့်လျှောက်ထားလွှာများကို ၁၃၈၄-ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၉ ရက်၊ ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်၊ အင်္ဂါနေ့(အစိုးရရုံးပိတ်ရက်များ)မှအပ စတင်ထုတ်ပေးသွားမည် ဖြစ်ပြီး ၁၃၈၄-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ လျှောက်လွှာ ပုံစံများကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ပြီး အသေးစိတ်သိရှိလိုသောအချက်များကို နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်းရုံး (ဖုန်း၊ ၀၉-၅၄၀၀၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းရုံး (ဖုန်း၊ ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁) တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်