
နေပြည်တော် ဇူလိုင် ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ရှိ မေဃဝတီခန်းမ၌လည်းကောင်း၊ ကမ်းနီတပ်နယ်ရှိ နယ်မြေခံတန်းမြင့်သင်တန်းကျောင်းမှ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သင်တန်းသား စစ်သည်များကို အောင်စစ်သည်ခန်းမ၌လည်းကောင်း သီးခြားစီ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကမ်းနီ တပ်နယ်ရှိ နယ်မြေခံတန်းမြင့်သင်တန်း ကျောင်းမှ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစု များ၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့မှ သင်တန်းသား စစ်သည်များ တက်ရောက်ကြသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် ရေရှည်အကျိုးကို
ကြည့်၍ စနစ်တကျ တွက်ချက် ဆောင်ရွက်သွားမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဝင်ရောက်ခဲ့ပြီး နောက်ရက်တွင် မိမိအနေဖြင့် စစ်တွေမြို့သို့ရောက်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးမှုများ ကို ပြန်လည်ထူထောင်နိုင်ရေး လမ်းညွှန် မှာကြားခဲ့ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)သည် နာဂစ်မုန်တိုင်းဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့သည့် မုန်တိုင်းတစ်ခုဖြစ်ခဲ့ကြောင်း၊ သေဆုံးသူ ၁၄၈ ဦးရှိခဲ့ပြီး ထိုထက်မက သည့် သေကျေပျက်စီးမှုများ ကြုံတွေ့ရ နိုင်သည်ဟု နိုင်ငံတကာမှခန့်မှန်းမှုများ ရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကြိုတင် ပြင်ဆင်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ သဖြင့် အထိအခိုက်အနည်းဆုံးဖြင့် ဖြတ် ကျော်နိုင်ခဲ့ခြင်းဖြစ်သည်ကို သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း၊ မုန်တိုင်းလွန်ပြီး နောက်ပိုင်း ကူညီကယ်ဆယ်ရေး ပျက်စီး မှုများ ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဟူ၍ နှစ်ပိုင်းခွဲကာ ဆောင်ရွက်စေခဲ့ကြောင်း၊ အချို့သော အဆောက်အဦများမှာ လုံးဝပြိုကျ ပျက်စီးမှုများရှိခဲ့သဖြင့် အသစ်ပြန်လည် တည်ဆောက်ရခြင်းများလည်း ရှိကြောင်း၊ အသစ်တည်ဆောက်ရသည့် အဆောက် အဦများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ပြန်လည်တည်ဆောက်ရမည် ဖြစ်သကဲ့သို့ ကျန်ရှိသည့် အဆောက်အဦများကိုလည်း ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ သဘာဝ ဘေးဒဏ်ခံနိုင်ရေးအတွက် မွမ်းမံခြင်းများ ကို ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီးဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲ အောင် စနစ်တကျတွက်ချက်ဆောင်ရွက် ရမည်ဖြစ်သဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ကြာမြင့်နိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်မှုများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ပုံမှန်ဆောင် ရွက်နေသည်များထက် ပိုမို၍ခွန်အားစိုက် ထုတ်ဆောင်ရွက်မည်ဆိုပါက လုပ်ငန်း များ လျင်လျင်မြန်မြန်ဖြင့် တိုးတက်ပြီးစီး မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးမှ အားထည့်ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း။
သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရာသီဥတု
မမျှတမှုနှင့်သဘာဝဘေးဒဏ်
ကျရောက်မှုများကို ကာကွယ်နိုင်မည်ဖြစ်
သဘာဝဘေးဒဏ်သည် မည်သည့် အချိန်တွင် ဖြစ်ပေါ်နိုင်မည်ကို ကြိုတင်၍ သိရှိနိုင်ရန် ခက်ခဲပြီး မဖြစ်ပွားမီ ရက်သတ္တပတ် အနည်းငယ်အလိုမှပင် မည်ကဲ့သို့ ဖြစ်ပေါ်လာနိုင်သည်ကို ခန့်မှန်း သိရှိနိုင်ကြောင်း၊ ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်သဖြင့် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ မိုးကြီးရေလျှံခြင်း များကို မလွဲမသွေ ကြုံတွေ့ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းများကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လေပြင်း တိုက်ခြင်းနှင့် ရာသီဥတုမမျှတခြင်းတို့ကို ကာကွယ်နိုင်ရန် သဘာဝအကာအကွယ် ဖြစ်သည့် သစ်ပင်သစ်တောစိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ရခိုင်ပြည်နယ်တွင် ရိုးမနှင့် ဆက်နွှယ်နေသည့် တောင်တန်းများ၌သာ သစ်ပင်သစ်တောများ တွေ့ရှိရပြီး ကွင်းပြင်အများအပြားရှိနေသည်ကို တွေ့ရှိ ရကြောင်း၊ ထို့ကြောင့် သစ်ပင်များကို ကျေးရွာအလိုက်၊ ရပ်ကွက်များအလိုက်၊ မြို့များအလိုက် စိုက်ပျိုးသွားရန်လိုကြောင်း၊ သစ်ပင်များကို စိုက်ပျိုးခြင်းထက် ခုတ်ယူ သုံးစွဲခြင်းက ပိုမိုများပြားသည်ကို တွေ့ရှိ ရပြီး ထင်းအဖြစ် သုံးစွဲခြင်းနှင့် အဆောက် အဦများ ဆောက်လုပ်ရန်အတွက် ခုတ်ယူ ကြသည်ကိုတွေ့ရကြောင်း၊ သဘာဝအရ ပေါက်ရောက်လျက်ရှိသည့် သစ်ပင်များ ပြုန်းတီးမှုများဖြစ်ပေါ်လာပြီး ရာသီဥတု များ ဖောက်ပြန်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးဒဏ်များအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် သစ်ပင် သစ်တောများ ပြန်လည်စိုက်ပျိုးရန်လို ကြောင်း၊ နယ်မြေခံပြည်သူလူထုနှင့် ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ခြင်းဖြင့် ဒေသအတွင်း သစ်တောသစ်ပင်များ ပေါများလာမည် ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် မိမိတို့ဒေသ၌ ရာသီဥတုမျှတကောင်းမွန် စေရေး၊ သဘာဝဘေးဒဏ်များကို အထိုက်အလျောက် ကာကွယ်နိုင်စေရေး အတွက် ယခုပစ္စပ္ပုန်တွင်ရှိနေသည့် မိမိတို့ က သစ်ပင်သစ်တောများကို စိုက်ပျိုးခြင်း များကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
အရာရှိ၊ စစ်သည်၊ မိသားစုများအနေ ဖြင့်လည်း မိမိတို့နေထိုင်ရာ နေအိမ်လိုင်း ခန်းအတွင်း အရိပ်ရလေကာပင်များ၊ သစ်ပင်ကြီးများကို စိုက်ပျိုးနိုင်ရေး လုံလောက်သည့် အကျယ်အဝန်းများကို စနစ်တကျတွက်ချက်နေရာချထားပေးပြီး ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းစီအလိုက် အဆင့်လိုက် နေရာချထားပေးသည့် အဆောက်အဦများကိုလည်း စနစ်တကျ နေထိုင်ရန်နှင့် လိုအပ်သည့် ပြုပြင် ထိန်းသိမ်းခြင်းများကို မိမိတို့တတ်နိုင် သမျှ ဆောင်ရွက်သွားရန်လိုကြောင်း။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ် ပြီးနောက်ပိုင်းတွင် စစ်တွေမြို့တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များ စားရေး အဆင်ပြေစေရေးအတွက် ရန်ကုန်မြို့မှတစ်ဆင့် အစားအသောက် များကို ပို့ဆောင်ပေးလျက်ရှိကြောင်း၊ တပ်မတော်အတွင်း၌ တပ်ပိုင်နှင့် တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကို ယခင်ကတည်းကပင် အားပေးဆောင် ရွက်ခဲ့သဖြင့် အသား၊ ငါးနှင့် ဟင်းသီး ဟင်းရွက်များကို ဖူလုံပေါများစွာ စားသုံး နိုင်သကဲ့သို့ ဒေသခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ သက်သာသော ဈေးနှုန်းများ ဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်လည်း ရောင်းချပေးလျက်ရှိကြောင်း။
လေ့ကျင့်သင်ကြားပေးလိုက်သည့်
ပညာရပ်များနှင့်အတွေ့အကြုံများကို
ပေါင်းစပ်၍ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်လို
တာဝန်ထမ်းဆောင်မှု အပိုင်းနှင့် ပတ်သက်၍ စစ်သည်တစ်ဦးချင်းအနေဖြင့် စစ်သားပီသစွာ နေထိုင်ကျင့်ကြံရန်လိုပြီး စစ်ရေးအသိ၊ စစ်ရေးသတိ အမြဲရှိရန် လိုကြောင်း၊ မည်သည့်လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ တပ်မတော် သားတိုင်းသည် စစ်တိုက်နိုင်ရမည်၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိ တို့ကို သင်ကြားပေးထားသည့် စစ်အတတ် ပညာများကို ကျွမ်းကျင်ပိုင်နိုင်ရမည်ဖြစ် ကြောင်း၊ သင်တန်းကျောင်းတွင် စစ်သည် တစ်ဦးချင်း၏ အဆင့်နှင့်လျော်ညီစွာ တတ်မြောက်ရန်လိုအပ်သည့် သက်ဆိုင်ရာ ပညာရပ်အလိုက် အုပ်ချုပ်မှု၊ စစ်ပညာနှင့် ရုံးလုပ်ငန်းများကို သင်ကြားပေးလျက် ရှိကြောင်း၊ လေ့ကျင့်သင်ကြားပေးလိုက် သည့် ပညာရပ်များနှင့် အတွေ့အကြုံများ ကိုပေါင်းစပ်၍ စစ်သားကောင်းပီသ သည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ယခုသင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည့် စစ်ပညာရပ် များသည် တိုက်ပွဲများဆင်နွှဲရာတွင် အောင်မြင်မှုများ ပိုမိုရရှိစေရန်အတွက် သင်ကြားပေးလိုက်ခြင်း ဖြစ်ကြောင်း၊ စစ်မြေပြင် တာဝန်ထမ်းဆောင်ချိန်တွင် သင်ကြားပေးလိုက်သည့် ပညာရပ်များကို ထိထိရောက်ရောက် အသုံးချမည်ဆိုပါက ရန်သူကို ထိရောက်စွာချေမှုန်းနိုင်မည်ဖြစ် ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင် မည်ဖြစ်ကြောင်း၊ တစ်ဦးချင်းတာဝန် ထမ်းဆောင်မှုကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရန် အထောက်အကူပြုစေမည့် ပညာ ရပ်များကို သင်ကြားပေးနေခြင်း ဖြစ်ကြောင်း။
ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အတွက် တစ်ဦးချင်း ကျန်းမာကြံ့ခိုင်မှုရှိ ရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ် မျှတသည့် နေထိုင်စားသောက်မှုရှိရမည် ဖြစ်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုရှိစေရေးအတွက်လည်း လေ့ကျင့်နေရမည် ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်အောင် အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေမှသာ လျှင် လက်တွေ့စစ်မြေပြင်၌ တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ် ပြီး မိမိကိုယ်ကို၊ မိမိတပ်ဖွဲ့ကို ကာကွယ် နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံရေးနှင့် ပတ်သက်၍ မိမိတို့အနေ ဖြင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်၊ နိုင်ငံရေးဦးတည်ချက်နှစ်ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိပြီး တပ်မတော်အနေ ဖြင့် ကောင်းမွန်သည့် ရည်ရွယ်ချက်များ ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် လုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည် ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းသည့် အချိန်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည် ဟု တပ်မတော်အနေဖြင့် အာမခံပြီးဖြစ် ကြောင်း၊ တပ်မတော်သည် ပြည်သူများ ကြားမှပေါက်ဖွားလာပြီး တိုင်းပြည်၏ အစိတ်အပိုင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော် ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် တိုင်းပြည် စားရေရိက္ခာပေါများရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည် သာယာဝပြောရေးဆိုသည်မှာ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ အပြည့်အဝရရှိသည့် နိုင်ငံဖြစ်ရန်လို ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင်ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူများဘဝ ရပ်တည်နိုင်ရေးအတွက် အသိပညာအတတ်ပညာများ ရရှိအောင် ဆောင်ရွက်ပေးမှသာ ၎င်းတို့ဘဝ တိုးတက် လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လေးလေးနက်နက် ဖြင့် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ လွယ်ကူသည့်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်၍ ခက်ခဲသည့် အလုပ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အတွက် မျှော်မှန်းချက်များကို ခိုင်ခိုင် မာမာ ချမှတ်ဆောင်ရွက်သွားရန် လိုကြောင်း။
ပညာရည်မြင့်မားရေး အလေးထား၊ အားပေးဆောင်ရွက်
ယနေ့ခေတ်သည် ပညာခေတ်ဖြစ် သဖြင့် မိမိကိုယ်ကိုနှင့် မိမိတို့၏ သားသမီး များ၏ ပညာရေးကိုလည်း အားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အတန်း ပညာ တတ်မြောက်မှသာလျှင် အတတ် ပညာများကို သင်ယူတတ်မြောက်နိုင်မည် ဖြစ်ကြောင်း၊ မိမိအတွက် အကျိုးဖြစ်စေ နိုင်သည့်၊ ဗဟုသုတရရှိစေနိုင်သည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုနေ ရန်လိုကြောင်း၊ ထိုသို့ ဖတ်မှတ်လေ့လာနိုင် ရေးအတွက်လည်း တပ်မတော်မှ စာအုပ် စာပေများကို ထုတ်ဝေပြီး ဖြန့်ချိပေး လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင် သားသမီး များ၏ ပညာရေးကို အမြဲမပြတ် အားပေး လျက်ရှိပြီး ထူးချွန်စွာအောင်မြင်သူများ ကိုလည်း ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ် ပေးလျက်ရှိကြောင်း၊ မိမိတို့သားသမီးများ ၏ ပညာရည်မြင့်မားစေရေး အားထည့် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ သားသမီးများကို ယဉ်ကျေးလိမ္မာပြီး မိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင် သည့်၊ ထူးချွန်ထက်မြက်သည့် သားသမီး များဖြစ်လာစေရေး စနစ်တကျ ထိန်းသိမ်း ပျိုးထောင်ပေးရန်လိုကြောင်း၊ မိမိတို့ကို ပေးအပ်ထားသည့် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်အသီးသီးရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသားများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းများ အတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် များ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်