
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂)တို့ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့တွေ့ဆုံဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၂၈
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) ဒုတိယ ဥက္ကဋ္ဌ(၂) ဦးဆောင်သော ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယ နေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP) ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကု၊ နိုင်ငံရေး ဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ အမျိုးသားဒီမိုကရက်တစ် မဟာ မိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေအတွင်း ရေးမှူး ဦးကြည်မြင့်၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) ဒုတိယ ဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ အတွင်းရေး မှူး(၂) စဝ်စိုင်းဆုတို့ တက်ရောက် ကြသည်။
ဒုတိယနေ့ ဆွေးနွေးပွဲတွင် နိုင်ငံရေးအရ နှစ်ဖက်သဘောထား များ ညှိနှိုင်းဆွေးနွေးနိုင်ရန် အတွက် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လျာထား သတ်မှတ်ထားသည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်း စဉ်များနှင့် အဆင့်လိုက် အကောင် အထည်ဖော်မှုများ (ဇယား-၂) အား ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး မင်းနောင်က တစ်ချက်ချင်း အလိုက် ရှင်းလင်းတင်ပြပြီး အဖွဲ့ အသီးသီး၏ သဘောထားများကို အပြန်အလှန် ရှင်းလင်းဆွေးနွေး ကြသည်။ ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ်အား ပြင်ဆင်လိုသည့် အချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ငြိမ်းချမ်း ရေးဆွေးနွေးရေးအဖွဲ့နှင့် SSPP အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာ တက်ရောက်လာကြသူများမှ မိမိ တို့၏ သဘောထားအမြင်များကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ရပ်နား ခဲ့သည်။ တတိယနေ့ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ် ကြောင်း သိရှိရသည်။
သတင်းစဉ်