နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂)တို့ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

 

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ၊ 
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) 
ဒုတိယဥက္ကဋ္ဌ(၂)တို့ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်  စက်တင်ဘာ  ၂၇


နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်  “ဝ”   ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊   အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)  ဒုတိယဥက္ကဋ္ဌ၊  ရှမ်းပြည်တိုးတက်ရေး ပါတီ  (SSPP) ဒုတိယဥက္ကဋ္ဌ(၂) ဦးဆောင်သော  ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့   တွေ့ဆုံဆွေးနွေးပွဲကို     ယနေ့နံနက်ပိုင်းတွင်   နေပြည်တော်ရှိ   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး   ကောင်စီ အဖွဲ့ဝင်၊      ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊     အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော် ဆောင်မှု         ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊   ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်          ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊    အဖွဲ့ဝင် များဖြစ်ကြသည့်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊ အမျိုးသား   စည်းလုံးညီညွတ်ရေး နှင့်       ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အမျိုးသား  စည်းလုံးညီညွတ်ရေး နှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ    အဖွဲ့ဝင် များဖြစ်ကြသည့်   ဒုတိယဗိုလ်ချုပ် ကြီး မင်းနိုင်၊   ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊    ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့်  “ဝ”  ပြည် သွေးစည်း ညီညွတ်ရေးပါတီ  (UWSP)ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကု၊    နိုင်ငံရေး ဌာနကြီးမှူး    ဦးအိုက်နပ်လိုင်း၊ အမျိုးသားဒီမိုကရက်တစ်   မဟာ မိတ်အဖွဲ့   (NDAA)  ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊  အထွေထွေအတွင်းရေး မှူး     ဦးကြည်မြင့်၊    ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) ဒုတိယ ဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊   အတွင်းရေး မှူး(၂) စဝ်စိုင်းဆုတို့ တက်ရောက် ကြသည်။ 

 


 နှုတ်ခွန်းဆက်အမှာစကား
ပြောကြား


တွေ့ဆုံ       ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး    ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်  ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့်   တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုယ်စား    “ဝ”    ပြည် သွေးစည်း       ညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ   ဦးလော့ ယာကုတို့က         နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။  ထို့နောက်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို  အလေးအနက် ထားပြီး    စုပေါင်းရေးဆွဲခဲ့ကြရာ တွင်  အမျိုးသားညီလာခံကျင်းပပြီး အသိပညာရှင်၊   အတတ်ပညာရှင်၊ နိုင်ငံရေးသမားများ၊ တိုင်းရင်းသား လက်နက်ကိုင်  ခေါင်းဆောင်များ ပါဝင်တက်ရောက်နိုင်ခဲ့မှု   အခြေ အနေ၊    ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)   ပါ     ဇယား ၁ ပြည်ထောင်စု   ဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းတို့နှင့် ပတ်သက်၍ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်    ဒုတိယ   ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က   ရှင်းလင်းတင်ပြ သည်။ 

 


 အပြန်အလှန်    ဆွေးနွေး


ယင်းနောက်    ပထမအကြိမ် တွေ့ဆုံဆွေးနွေးချိန်တွင်  သဘော တူညီချက်ပါအတိုင်း   “ဝ”   ပြည် သွေးစည်း        ညီညွတ်ရေးပါတီ (UWSP)နှင့်  အမျိုးသားဒီမိုကရက် တစ်မဟာမိတ်အဖွဲ့  (NDAA)တို့၏ နိုင်ငံရေး        လိုလားချက်များနှင့် ပတ်သက်၍   လုပ်ဆောင်နိုင်သည့် နည်းလမ်းများအား နိုင်ငံတော်၏ ငြိမ်းချမ်းရေး    ဆွေးနွေးရေးအဖွဲ့ မှ           ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက်    တက်ရောက်လာကြ သူများက     မိမိတို့၏သဘောထား များ၊   လိုလားချက်များကို  အပြန် အလှန်    ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ       ပထမနေ့ ကို    ရပ်နားခဲ့သည်။   ဒုတိယနေ့ ဆွေးနွေးပွဲကို       စက်တင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်