နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ  ၁


နိုင်ငံတော်၏      ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့်   သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)  ဥက္ကဋ္ဌ   ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲ ကို   ယနေ့     နံနက်ပိုင်းတွင် နေပြည်တော်ရှိ       အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်   ငြိမ်း ချမ်းရေးဖော်ဆောင်မှု    ဗဟိုဌာန အစည်းအဝေးခန်းမ၌   ကျင်းပ သည်။

 


တက်ရောက်


တွေ့ဆုံဆွေးနွေးပွဲသို့    နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊    ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊     အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်        ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊  အဖွဲ့ဝင် များဖြစ်ကြသည့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ   (RCSS)   ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ အတွင်း ရေးမှူး  (၁)  စဝ်စိုင်းငင်း၊    ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့   တက်ရောက် ကြသည်။ 

 


တွေ့ဆုံဆွေးနွေးပွဲတွင်  ငြိမ်း ချမ်းရေးနှင့်     ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များအား ဆွေး နွေးခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ   အပြီးသတ် ရရှိလာသည့်  သဘောတူညီချက် များကို    အတည်ပြုလက်မှတ် ရေးထိုးကြသည်။ 

 


လက်ဆောင်ပစ္စည်း ပေးအပ်


ယင်းနောက်      သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)   ဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့ခေါင်းဆောင်      ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံး ချုပ်အမှာစကားများ ပြောကြား ကြပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    နိုင်ငံ အကျိုးသယ်ပိုးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်၊    တပ်ပေါင်းစု နိုင်ငံရေးစာအုပ်၊    MRTV DTH Receiver ၊      နှစ်ပေစလောင်း နှင့်  လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်