နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    အောက်တိုဘာ   ၁၃


နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP)   ဒုတိယဥက္ကဋ္ဌ  ဦးဆောင်သော   ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ     အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင် မှု ဗဟိုဌာန၌ ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့       နိုင်ငံတော်စီမံ            အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်      ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး၊  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ၊          ငြိမ်းချမ်းရေးဆွေးနွေးရေး   အဖွဲ့ ခေါင်းဆောင်    ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊  အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု   ညှိနှိုင်း ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး မင်းနောင်နှင့်  မွန်ပြည်သစ်ပါတီ (NMSP)ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အတွင်း ရေးမှူး နိုင်ဝင်းလှ၊    ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက် ကြသည်။ 

 


ဒုတိယနေ့ဆွေးနွေးပွဲတွင်  ပြည်ထောင်စု သဘောတူစာချုပ်  အစိတ်အပိုင်း(၁)၊ (၂)နှင့် (၃) တို့ပါ သဘောတူညီချက်များအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်    ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈  ခုနှစ်)၊   တည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ   လေ့လာစိစစ်ချက်များနှင့် ပတ်သက်၍     ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး  ဝင်းဗိုလ်ရှိန်က  ရှင်းလင်း တင်ပြပြီး         တက်ရောက်လာကြသူများက မိမိတို့၏သဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 


ထို့နောက်    အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ဒုတိယ နေ့ကို ရပ်နားခဲ့သည်။ တတိယနေ့ဆွေးနွေးပွဲကို  အောက်တိုဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်