နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    ဩဂုတ်   ၃၀


နိုင်ငံတော်၏     ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)   ဥက္ကဋ္ဌ   ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့  တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင်    နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊       ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊    အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး     မိုးမြင့်ထွန်း၊     အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး   ဖော်ဆောင်မှု    ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့်  သျှမ်းပြည်     ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး ယွက်စစ်၊ အတွင်းရေးမှူး (၁)  စဝ်စိုင်းငင်း၊    ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် စဝ်ဆောင်း ဟန်တို့ တက်ရောက်ကြသည်။

 


ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရေး  အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး ယွက်စစ် တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။  

 


ထို့နောက်     ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ  (၂၀၀၈  ခုနှစ်) ပါ ဇယား-၁ ပြည်ထောင်စုဥပဒေပြု စာရင်းနှင့် ဇယား-၂ တိုင်းဒေသကြီး  သို့မဟုတ်    ပြည်နယ်ဥပဒေပြု စာရင်းတို့နှင့်ပတ်သက်၍ ညှိနှိုင်း ရေးကော်မတီအဖွဲ့ဝင်     ဒုတိယ ဗိုလ်ချုပ်ကြီး     ဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး  (၉) ကြိမ်မြောက် JICM ဆုံးဖြတ် ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေး ရမည့် ၂၀၂၀ အလွန် အဆင့်လိုက်  လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်      ဖော်မှုများ (ဇယား-၂) ကို ညှိနှိုင်းရေးကော်မတီ  အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး မင်းနောင်က ရှင်းလင်းတင်ပြ သည်။ 

 


ယင်းနောက် တက်ရောက်လာ ကြသူများက   ၎င်းတို့၏    ဆန္ဒ သဘောထားများနှင့် လိုလားချက် များကို  အပြန်အလှန်  ဆွေးနွေး ညှိနှိုင်းကြပြီး   တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားလိုက်သည်။
ဒုတိယနေ့     ဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။  

                   သတင်းစဉ်