
နေပြည်တော် ဩဂုတ် ၂၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ သစ်တော ဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက ကျင်းပ ပြီးစီးခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့ ခြောက်လတာကာလလုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များကို ထပ်ဆင့်ရှင်းလင်း မှာကြားပြီး ဝန်ကြီးဌာနနှင့် ပတ်သက်၍ ရငွေနှင့်အခွန်အခများ လျာထားချက် ပြည့်မီကျော်လွန် အောင်ဆောင်ရွက်ရေး၊ သဘာဝ ပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများ နှင့် ဂေဟစနစ်များထိန်းသိမ်း ကာကွယ်ရေး၊ နိုင်ငံသစ်တော ဖုံးလွှမ်းမှု ပိုမိုတိုးတက်ကောင်းမွန် စေရန် အမျိုးသားရေးတာဝန်ဖြင့် ဆောင်ရွက်ရေး၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းများ အောင်မြင် အောင်ဆောင်ရွက်ရေး၊ သတ္တု တူးဖော်ရေးကဏ္ဍတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရေး၊ တရားမဝင် ဆောင်ရွက်မှုများ မရှိစေရေး၊ ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ တာဝန် ထမ်းဆောင်ရေးနှင့် ဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် များ အောင်မြင်အောင်ဆောင်ရွက် ရေးတို့ကို မှာကြားသည်။
ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနအကြီးအကဲ များက ဌာနအလိုက် ချမှတ်ထား သော မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာငွေ ရှာဖွေနိုင်မှုနှင့် သုံးစွဲမှု၊ ကုန်ထုတ် လုပ်နိုင်မှုနှင့် ဝန်ဆောင်မှုဆောင် ရွက်နိုင်မှု၊ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်မှု၊ ခြောက်လပတ် ကာလတာအတွင်း လုပ်ငန်းများ အကောင်အထည် ဖော်နိုင်မှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမင်းသူနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများက ခြောက်လတာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အပေါ် အားသာချက်၊ အားနည်း ချက်များနှင့် ရှေ့ဆက်အကောင် အထည်ဖော် ဆောင်ရွက်မည့် အစီအမံများကို ဖြည့်စွက်ဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်