နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော် ဧပြီ   ၁၅


မြန်မာသက္ကရာဇ် (၁၃၈၄-၁၃၈၅) ခုနှစ် မြန်မာ့ရိုးရာမဟာအတာ သင်္ကြန် အကြတ်နေ့ဖြစ်သည့်  ယနေ့နံနက်ပိုင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး  ဒေါ်ကြူကြူလှသည်  ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ  တပ်မတော်အရာရှိကြီးများနှင့်  ဇနီးများ  လိုက်ပါ၍  ပြင်ဦးလွင်တပ်နယ်ရှိ       မိသားစုရေသဘင်မဏ္ဍပ်များ၌     အရာရှိ၊   စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာ ရေသဘင် ပွဲတော် ဆင်နွှဲနေမှုများကို  သွားရောက်ကြည့်ရှုအားပေးသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည်      ခါတော်မီ မိသားစု  အတာရေသဘင်မဏ္ဍပ် သို့ရောက်ရှိကြရာ       အရာရှိ၊ စစ်သည်၊   မိသားစုဝင်များက သောင်းသောင်းဖြဖြ       ကြိုဆို နှုတ်ဆက်ကြသည်။    ထို့နောက်  မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့ များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ တေးသီချင်းများ သီဆိုဖျော်ဖြေမှု များ၊  တေးသံရှင်များ၏   သီဆို ဖျော်ဖြေမှုများနှင့်အတူ  အရာရှိ၊ စစ်သည်၊   မိသားစုဝင်များက ရေသဘင်ပွဲတော်ကို  ပျော်ရွှင်စွာ ဆင်နွှဲနေမှုများကို     ကြည့်ရှု အားပေးကြသည်။ 

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး  ဦးစီး ချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို  ပျော်ရွှင်စွာဆင်နွှဲနေကြသည့်        အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်း အဖွဲ့များအား     အတာရေများ ပက်ဖျန်းကြပြီး     သီဆိုကပြ ဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များ နှင့်   အရာရှိ၊  စစ်သည်  မိသားစု များအား       ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 


ကြည့်ရှုအားပေး


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ် တက္ကသီလာပိတောက်ဝါ မိသားစု အတာ      ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဗိုလ်လောင်းများ က သောင်းသောင်းဖြဖြ လှိုက်လှဲ စွာ  ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်  မိသားစုသင်္ကြန်ယိမ်း အကအဖွဲ့များ၏          သီဆိုကပြ ဖျော်ဖြေမှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်းများ သီဆိုဖျော်ဖြေမှု များ၊   တေးသံရှင်များ၏  သီဆို ဖျော်ဖြေမှုများနှင့်အတူ    ဗိုလ် လောင်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ      ရေသဘင် ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှု များကို     ကြည့်ရှုအားပေးကြ သည်။ 

 


ဂုဏ်ပြုဆုငွေများပေးအပ်


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး  ဦးစီး ချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို  ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့်   ဗိုလ်လောင်း များနှင့်   တပ်မတော်နည်းပညာ တက္ကသိုလ်မှ အရာရှိကြီးများအား အတာရေများ  ပက်ဖျန်းကြပြီး သီဆိုကပြ   ဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့်       အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြု ဆုငွေများ           ပေးအပ်ချီးမြှင့် သည်။

 


အတာရေပက်ဖျန်း


ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော် အင်ဂျင်နီယာကျောင်း  ပိတောက် ချယ်ရီ  မိသားစုအတာရေသဘင် မဏ္ဍပ်သို့ ရောက်ရှိကြပြီး အရာရှိ၊ စစ်သည်၊ မိသားစု သင်္ကြန်ယိမ်း အဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှု များ၊ ရေသဘင်ပွဲတော်ကို ပျော်ရွှင် စွာ  ဆင်နွှဲနေမှုများကို  ကြည့်ရှု အားပေးကြသည်။ ယင်းနောက် နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည်    ရေသဘင် ပွဲတော်ကို  ပျော်ရွှင်စွာ ဆင်နွှဲနေ ကြသည့်   အရာရှိ၊   စစ်သည်၊ မိသားစုများအား   အတာရေများ ပက်ဖျန်းပေးခဲ့ကြကြောင်းနှင့် သီဆိုကပြ      ဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့်        အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြု ဆုငွေများ     ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်