နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်   ဖေဖော်ဝါရီ    ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ညှိနှိုင်း အစည်းအဝေး (၃/၂၀၂၁)ကို   ယနေ့နံနက်ပိုင်း         တွင်    နေပြည်တော်ရှိ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်    မှူးကြီး   မင်းအောင်လှိုင်    တက်ရောက်အမှာစကား      ပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊     ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊   ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊    ဦးသိန်းညွန့်၊      ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊  Jeng  Phang   နော်တောင်၊ ဦးမောင်းဟာ၊   ဦးစိုင်းလုံးဆိုင်နှင့်   စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က   မိမိတို့တာဝန်ယူခဲ့သည်မှာ  ၃  ပတ်ခန့်ရှိပြီ        ဖြစ်ပြီး  ယခုကာလအတွင်း  ပြုပြင်ပြောင်းလဲမှုများ များစွာရှိကြောင်း၊  ပထမဆုံးအနေဖြင့်  နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့်ပတ်သက်၍    ပြီးခဲ့သည့်  ဒုတိယအပတ်နှင့် တတိယအပတ်ကြားကာလတွင် ဆန္ဒပြမှုများ    ရှိခဲ့သော်လည်း      မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး  ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ ဒီမိုကရေစီ အလေ့အထနှင့်အတူ ဒီမိုကရေစီနိုင်ငံများ၏ အရေးယူဆောင်ရွက်မှုများ အတိုင်းသာ  ဆောင်ရွက်ခြင်းဖြစ်ပြီး  အခြားနိုင်ငံ များ၌လည်း ဆူပူဆန္ဒပြမှုများတွင် မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်ဆန်၊ Water  Cannon ကို အသုံးပြု ဆောင်ရွက်ခြင်းနှင့်  အင်တာနက်ဖြတ်တောက်မှု များလည်း ရှိပါကြောင်း၊ အခြားနိုင်ငံများတွင် ဖြစ်ပွား သည့်  ဆန္ဒပြမှုများကြောင့်  သေဆုံးသူ၊ ထိခိုက် ဒဏ်ရာရသူများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံတွင်       ၃ ပတ်တာကာလအတွင်း သေဆုံးမှုမှာ ၄ ဦးသာ ရှိခဲ့ကြောင်း၊  သေဆုံးမှုကို  ပြန်ကြည့်လျှင်လည်း သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၂၀ ခန့် ရှိပြီး ၎င်းကိုယ်တိုင် ဆူပူဆန္ဒပြမှုတွင် ပါဝင်သည်ကို တွေ့ရပါကြောင်း၊   ဆူပူဆန္ဒပြသူများ အနေဖြင့် လေးခွ၊ ခဲ၊ ကုန်းသီးတို့ဖြင့်  ပစ်ခတ်အသုံးပြုခြင်း     များရှိသည်ကို   တွေ့ရှိရကြောင်း၊    ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်  ရော်ဘာကျည်ဆန်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ခဲသီးနှင့်ပတ်သက်၍ အသုံးပြုခဲ့ခြင်းမရှိကြောင်း၊ ဗီဒီယိုမှတ်တမ်းများကို အသေးစိတ်ကြည့်ရှုခဲ့ကြောင်း၊   ယင်းမှာ ဖြစ်စဉ် အမှန်ဖြစ်ကြောင်း။
ပြန်လည်တာဝန်ထမ်းဆောင် 
ဝန်ထမ်းများ CDM လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်ပြီး  စတင်ဆောင်ရွက်ရန်   ပြောကြား     ဖြန့်ချိခဲ့သူများကို  ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CDM လှုပ်ရှား         မှုတွင်   ဝန်ထမ်းအချို့ပါဝင်ကြပြီး  အချို့ဝန်ထမ်း          များမှာ    အကြောက်တရားဖြင့်   ပါဝင်ကြရခြင်းဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် CDM ကိစ္စနှင့် ပတ်သက် ၍ ပြီးခဲ့သည့်ရက်သတ္တပတ်က ဝန်ထမ်းများ မိမိတို့ လုပ်ငန်းတာဝန်ကို ပြန်လည်တာဝန်ထမ်းဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊  နိုင်ငံ့ဝန်ထမ်းများမှာ  မိမိ     တို့၏ လုပ်ဖော်ကိုင်ဖက်များသာဖြစ်ပြီး ဝန်ထမ်းများ အနေဖြင့် အခြားအချိန်တွင် မိမိနှစ်သက်ရာကို ဆန္ဒမဲ ပေးနိုင်သော်လည်း တာဝန်အချိန်တွင် နိုင်ငံတော် အတွက်သာ ဦးတည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကြိုက်နှစ်သက်သည်၊ မနှစ်သက်သည် ရှိမည်ဖြစ်ကြောင်း၊ ယင်းကို ဒီမို ကရေစီကျင့်စဉ်အရလက်ခံကြောင်း၊ သို့သော်လည်း အခြားအချိန်တွင်  ပြည်သူ့ဝန်ထမ်းက ပြည်သူ့ ဝန်ထမ်းတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတာဝန်ကို      နိုင်ငံ့ဝန်ထမ်းက ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံသား များကလည်း နိုင်ငံ့တာဝန်ကို  ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်သည် မဲမသမာမှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့ သည့် အစိုးရတာဝန်ယူသည့် ကာလတစ်လျှောက်လုံး စိတ်ရှည်သည်းခံစွာဖြင့်  ပူးပေါင်းဆောင်ရွက်ခဲ့ သော်လည်း အစိုးရအနေဖြင့် နိုင်ငံတော်၏ ပကတိ အခြေအနေနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက် ခဲ့ခြင်းမရှိခြင်းကြောင့်  ပြဿနာများ   ဖြစ်ပွားခဲ့ ရကြောင်း။
တာဝန်ပျက်ကွက်လျက်ရှိ
နိုင်ငံ့ဝန်ထမ်းများ တာဝန်ပျက်ကွက်မှုကို ပြီးခဲ့ သည့်   သောကြာနေ့တွင် စာရင်းကောက်ယူခဲ့ ကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်များ တာဝန်ပျက်ကွက်လျက်ရှိကြောင်း၊ ဆရာဝန်များ မှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးရ သည့် ဝန်ထမ်းများဖြစ်ကြောင်း၊ နိုင်ငံတော်တွင် အရေးကြီးသည့် ဝန်ထမ်းသုံးမျိုးရှိကြောင်း၊ ယင်းမှာ ကျန်းမာရေးဝန်ထမ်း၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပြီး အမြဲအဆင်သင့် ပြင်ဆင်ထားရသည့်သူများဖြစ်ကြောင်း၊ တပ်မတော်မှာ  နိုင်ငံတော်ကာကွယ် ရေးအတွက်   တိုင်းဒေသကြီး၊  ပြည်နယ်များရှိ တပ်ရင်း၊ တပ်ဖွဲ့များတွင် အမြဲအဆင်သင့်ဖြစ်ရန် ဆောင်ရွက်ထားကြကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် လည်း သက်ဆိုင်ရာတပ်ဖွဲ့များနှင့် ရဲစခန်းများတွင် တစ်စုတစ်စည်းတည်း တာဝန်ထမ်းဆောင်ကြရ ကြောင်း။
ကျင့်ဝတ်ကို  များစွာချိုးဖောက်
အလားတူ ကျန်းမာရေးဝန်ထမ်းများသည်လည်း ပြည်သူလူထု၏  ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက်သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် တစ်စုတစ်စည်းတည်း တာဝန် ထမ်းဆောင်ကြရကြောင်း၊ ဆရာဝန်များ၏ ကတိ သစ္စာပြုအဓိဋ္ဌာန်  ၉  ချက်တွင် “ကျွန်ုပ်ဆည်းပူး တတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထားလေးစားစွာကာကွယ် စောင့်ရှောက်ပါအံ့” ဟု ပါရှိကြောင်း၊  ဆရာဝန်များ အနေဖြင့် ဆေးကုသမှုမပြုလုပ်ခြင်းသည် ယင်းတို့ ကတိသစ္စာပြုထားသည့်  အဓိဋ္ဌာန်ကို ချိုးဖောက် ခြင်းဖြစ်ကြောင်း၊ အလားတူ သူနာပြုဆိုလျှင်လည်း ၎င်းတို့ ကတိသစ္စာအဓိဋ္ဌာန်တွင် “လူသားအားလုံး၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကျွန်ုပ်၏ အရေးကိစ္စဟု  ယူဆပါအံ့”ဟု   လည်းကောင်း၊ “လူသားတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး ထိခိုက်စေမည့်   မည်သည့်အပြုအမူမျိုးကိုမဆို တားဆီးကာကွယ်ပါအံ့” ဟု လည်းကောင်း  ပါရှိ ကြောင်း၊ ယင်းအချက်များကို   ကြည့်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့်    ယခုကဲ့သို့ ဆောင်ရွက်နေမှုများမှာ  ကျင့်ဝတ်ကို    များစွာ ချိုးဖောက်ရာရောက်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်   ဆေးရုံ ၁၂၆၂ ရုံရှိသော်လည်း ဆေးရုံ ဖွင့်လှစ်ပြီး  ကုသပေးသည့် ဆေးရုံမှာ ၇၇၈ ရုံ၊ ဆေးရုံဖွင့်ထားသော်လည်း ကုသပေးခြင်းမရှိသည့် ဆေးရုံ ၂၇ ရုံရှိပြီး လုံးဝဆေးရုံပိတ်ထားသည့် ဆေးရုံ ၃၅၇ ရုံ ရှိသည်ကို ယမန်နေ့ညနေ စာရင်းများအရ သိရကြောင်း။
ဝန်ထမ်းစည်းကမ်းအရ  အရေးယူသွားမည်                 
ထို့ကြောင့်  ပြည်သူများ  များစွာဒုက္ခရောက်      နေမည်ကို   စဉ်းစားကြည့်လျှင်   သိနိုင်ကြောင်း၊               လူ့အသက်ထက်  အရေးကြီးသည်မှာ မရှိကြောင်း၊           ထို့အတွက်ကြောင့် မိမိတို့အနေဖြင့်   ဆူပူမှုများ ထိန်းသိမ်းအရေးယူ    ဆောင်ရွက်ရာတွင်လည်း လူ့အသက်ကို မထိခိုက်အောင် ထိန်းသိမ်းဆောင် ရွက်လျက်ရှိကြောင်း၊  သို့ဖြစ်၍  ဆရာဝန်များ          နှင့်  သူနာပြုများ  စည်းကမ်းဖောက်ဖျက်နေမှုကို  ဝန်ထမ်းစည်းကမ်းအရ       အရေးယူသွားမည်                  ဖြစ်ကြောင်း၊                          
ကျန်းမာရေးဝန်ထမ်းများမှာ  ကျင့်ဝတ်သစ္စာဆိုပြီး ဆောင်ရွက်သည့်      နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း၊ အလားတူ   ရဲတပ်ဖွဲ့ဝင်များနှင့်  တပ်မတော်သား       များမှာလည်း   နိုင်ငံတော်အလံကိုင်၍    သစ္စာဆို  သည့်   ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အတွက်  သစ္စာ    ဖောက်ဖျက်၍မရကြောင်း၊  တပ်မတော်တွင်လည်း စည်းကမ်းထိန်းသိမ်းမှုနှင့်စပ်လျဉ်း၍  ဖောက်ဖျက် လျှင် ထိထိရောက်ရောက်အရေးယူကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များလည်း အလားတူဖြစ်ကြောင်း၊  ရဲတပ်ဖွဲ့ဝင်များ သည်  ပြည်သူက  အားကိုး၊  ပြည်သူက လက်ခံ၊ ပြည်သူက ယုံကြည်ပြီး နိုင်ငံတော်မှအားထားရသည့် ရဲတပ်ဖွဲ့ဖြစ်ရန်   လိုအပ်ကြောင်း၊   ဝန်ထမ်းများ         အနေဖြင့်  သတင်းပို့ရုံးတက်ခြင်းမရှိပါက ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ     အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဥပဒေကိုနားလည်ရန်  အရေးကြီး
 ဆရာဝန်များနှင့်ပတ်သက်ပြီး   ရရှိသည့်ဘွဲ့ အဆင့်အလိုက်    ချီးမြှင့်ငွေပေးအပ်ရန်   ဆွေးနွေး ညှိနှိုင်းလျက်ရှိကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ သင်ကြားရေးအပိုင်း အရည်အသွေးမြှင့်တင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ မှာ တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ တိုင်းပြည် တွင် လူစွမ်းအားအရင်းအမြစ် မွေးထုတ်ပေးသူများမှာ ဆရာ၊ ဆရာမများဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍမှာ  အရေးကြီးသည့်အတွက်  အရည် အသွေးမြင့်မားရေးကို   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သင်ကြားရေးပိုင်းတွင်လည်း   ဘွဲ့အဆင့် အလိုက်မူတည်ပြီး ချီးမြှင့်ရန် စဉ်းစားဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏  လူသားအရင်း အမြစ်ထဲတွင်  အရေးကြီးသည့် အချက်နှစ်ချက်        မှာ   ဥပဒေကိုနားလည်ရန်   အရေးကြီးကြောင်း၊ တက္ကသိုလ်များတွင် BA(Law) သင်တန်းများ ဖွင့်လှစ် ရန်နှင့် ဒေသအလိုက် စီးပွားရေး နားလည်တတ်ကျွမ်း မှု  အခြေခံရရှိရေးအတွက် BA(Eco) ဘာသာရပ် ဖွင့်လှစ်သင်ကြားရန်     ဆွေးနွေးလျက်ရှိကြောင်း၊ ပညာရေးဝန်းကျင်       ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး   သို့မှသာ  ကျောင်းသား     များအနေဖြင့်   စာသင်ချင်စိတ်  တိုးပွားလာမည် ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊  CDM နှင့် ပတ်သက်ပြီး online တွင် လှုံ့ဆော်နေသည့်အဖွဲ့များနှင့် အဆိုပါ အဖွဲ့များနောက်တွင်    ပံ့ပိုးနေသူများရှိကြောင်း၊ ယင်းတို့နောက်တွင်  ငွေကြေးစိုက်ထုတ်ပေးသည့် အဖွဲ့များရှိကြောင်း၊    မိမိတို့ကောင်စီအနေဖြင့် လုပ်ဆောင်ရန်ရှိသည်များကို      ဥပဒေနှင့်အညီ       ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ဆူပူ ဆန္ဒပြမှုများသည်  တိုင်းပြည်ကို  ထိခိုက်နစ်နာစေ ကြောင်း၊ တိုင်းပြည်ထိခိုက်နစ်နာမှုများ  မဖြစ်ပေါ် စေရန်  မိမိတို့သည် စိတ်ရှည်သည်းခံပြီး နားလည် အောင်   ရှင်းလင်းပြောကြားကာ  ပြည်သူများပါ     အတူပါဝင်ပြီး ပုံမှန်လမ်းကြောင်းပေါ်တည့်အောင် ဆောင်ရွက်ရန် လိုကြောင်း။
တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်
ယခုအခါ   မိမိတို့နိုင်ငံတွင်   နှစ်စဉ်ဘဏ္ဍာငွေ            လိုငွေပြမှုနှင့် ကုန်သွယ်ရေးလိုငွေပြမှုများရှိသည်ကို တွေ့ရကြောင်း၊  မိမိတို့နိုင်ငံ၏   ငွေကြေးတန်ဖိုး ထိခိုက်ကြောင်း၊ ထို့ကြောင့်  ငွေကြေးတန်ဖိုး   ခိုင်မြဲ ရန် လိုအပ်ကြောင်း၊ ကုန်သွယ်ရေးနှင့်ပတ်သက်၍ စီးပွားရေးကို မြှင့်တင်ရန်လိုအပ်ကြောင်း၊ မိမိတို့သည် ဦးတည်ချက်  ၅ ရပ် ချပေးထားကြောင်း၊ မိမိတို့ ကောင်စီအနေဖြင့်   နိုင်ငံတော်၏   ယိုင်နေသည့် စီးပွားရေးကို ပြန်လည်တည့်မတ်အောင် အားထည့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့အနေ   ဖြင့်  စီးပွားရေးကုစားမှုများကို  ဆောင်ရွက်ရမည်       ဖြစ်ပြီး   ကုန်သွယ်မှုလိုငွေလျှော့ချရေးအတွက်  ပြည်ပသွင်းကုန်များ လျှော့ချရေးနှင့်  ပြည်တွင်း ထုတ်ကုန်များ   တိုးမြှင့်ပို့ဆောင်၍     စီးပွားရေး မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊   ပြည်တွင်း ထုတ်ကုန်များ တိုးမြှင့်ရေးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် အရေးပါကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲမှုများကိုလည်း    တတ်နိုင်သမျှ  လျှော့ချရမည်ဖြစ်ကြောင်း၊       နိုင်ငံဖွံ့ဖြိုးရေး    အတွက်  အဓိကအရေးပါသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊   လမ်းပန်းဆက်သွယ်မှု   ကောင်းမွန် ရေး၊  ဆက်သွယ်ရေးစနစ်များ  ကောင်းမွန်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရေးအတွက် လိုအပ်သည့် ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ခများ   သက်သာစေရေးနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်      ပြန်လည်         ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ် ထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား  ထုတ်လုပ်သည့် လုပ်ငန်းရပ်များအား   တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လမ်းပန်း ဆက်သွယ်မှု  ကောင်းမွန်ရေးအတွက်  မီးရထား လမ်းနှင့်   မော်တော်ကားလမ်းများအား  ပုံမှန် ထိန်းသိမ်းမှုများကို  အမှန်တကယ်  ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ သောက်သုံးရေ   အခက်အခဲ ရှိသည့်    မြို့နယ်များတွင်  သောက်သုံးရေရရှိရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မိမိတို့အနေဖြင့် မဖြစ်မနေဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်း မောင်၊ Jeng Phag နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာနှင့်   ဦးခင်မောင်ဆွေတို့က   ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ရှင်းလင်းဆောင်ရွက်နေမှု     အခြေအနေများ၊ တပ်မတော်၏   နိုင်ငံတော်တာဝန်ကို    ခေတ္တ တာဝန်ယူထမ်းဆောင်နေမှုအပေါ် နိုင်ငံတကာ၏ သဘောထားအမြင်များ၊   ရခိုင်ပြည်နယ်ဖြစ်စဉ်  အခြေအနေ၊    လူပုဂ္ဂိုလ်ကိုးကွယ်မှုများကြောင့်  နိုင်ငံရေးရှုပ်ထွေးလာခဲ့မှု  အခြေအနေ၊  သာသနာရေး ဆိုင်ရာ အဆောက်အဦများ လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍   ဓာတ်အားအသုံးပြုခ   လျှော့ပေါ့ပေး ရေးကိစ္စ၊ ရုံးလုပ်ငန်းများနှောင့်နှေးစေရန်အတွက်  နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေး မှုများနှင့်  စည်းရုံးသိမ်းသွင်းမှုများကို   နောက်ကွယ် မှ ပြုလုပ်နေသည့်အဖွဲ့အစည်းများအား  ဖော်ထုတ် အရေးယူဆောင်ရွက်ရေးနှင့် တာဝန်ထမ်းဆောင် လျက်ရှိသည့်  ဝန်ထမ်းများအား  အကာအကွယ် ပေးရန် လိုအပ်သည့်အခြေအနေများအား ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က    ကော်မရှင်နှင့်ပတ်သက်သည့်   မဲစာရင်းကို          အမြန်ဆုံးချပြပေးမည်ဖြစ်ကြောင်း၊  ကော်မရှင် အနေဖြင့် တိုင်ကြားစာတက်သည့် မြို့နယ်များကို ဦးစွာစစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု  သိရှိရ ကြောင်း၊ စိစစ်တွေ့ရှိသည့် မဲစာရင်းကွာဟမှုများကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် မြို့နယ် များကိုလည်း ဆက်လက်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံသားများ မှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။
မီဒီယာနှင့်ပတ်သက်၍   မြန်မာနိုင်ငံ  သတင်း မီဒီယာကောင်စီမှတစ်ဆင့်     မီဒီယာကျင့်ဝတ် စည်းကမ်းနှင့်အညီ      ဆောင်ရွက်နိုင်ရေးကို ထိန်းသိမ်းကြပ်မတ်ရေး  ဆက်လက်ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ သတင်းများတွင် အာဏာသိမ်း စစ်အစိုးရဟု အသုံးအနှုန်းများကို သတိပေးထားပြီး ဆက်လက်၍ သုံးနှုန်းရေးသားမည်ဆိုပါက ထုတ်ဝေ ခွင့်ပိတ်သိမ်းသည်အထိ  အရေးယူ  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စရပ်များ နှင့် ပတ်သက်၍  ကိုဖီအာနန်ကော်မရှင် ဆောင်ရွက် ခဲ့မှုများအပေါ်တွင်လည်း စုံစမ်းဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုသာကြည့်ပြီး တိုင်းပြည်၏ အကျိုးကိုမကြည့်ဘဲ ကိုယ်ကျိုးအတွက် ဆောင်ရွက် ခဲ့မှုများကိုလည်း   ဖော်ထုတ်   အရေးယူသွားမည်  ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး မီတာခများ သက်သာ ခွင့်ကို   လျှော့ချပေးထားကြောင်း၊ နိုင်ငံ့ဝန်ထမ်း များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်  တပ်မတော်         သားများ၏ တာဝန်ထမ်းဆောင်မှုအပေါ် မူတည်၍     ချီးမြှင့်ငွေများ  ပေးအပ်လျက်ရှိကြောင်း၊  ကျောင်း များ     ပြန်လည်ဖွင့်လှစ်၍    ကျောင်းများအား  ထိန်းသိမ်းပြုပြင်ခြင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားမှုအထောက်အကူပြု   အစည်းအဝေးများ     ပြုလုပ်ခြင်းများကို    လေ့ကျင့်ဆောင်ရွက်ခြင်းဖြင့်     ကျောင်းသား၊  ကျောင်းသူများ    ပြန်လည်ပညာ သင်ကြားချိန်တွင် အသင့်ဖြစ်စေမည်ဖြစ်ကြောင်း။
ပညာရှင်များ မွေးထုတ်ပေးရန်လို
မိမိတို့နိုင်ငံသည် စိုက်ပျိုး၊   မွေးမြူရေးနိုင်ငံ ဖြစ်သဖြင့်   ၎င်းလုပ်ငန်းများနှင့်   ပတ်သက်၍ သင်တန်းကျောင်းများ၊  ကောလိပ်များ၊ တက္ကသိုလ် များကို  တိုးချဲ့ဖွင့်လှစ်၍  လိုအပ်သည့် စိုက်မွေး        ပညာရှင်များ  မွေးထုတ်ပေးရန်လိုကြောင်း၊  ဒေသ အလိုက်  ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ရရှိအောင် သုတေသနပြု၍ ထိရောက်စွာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊  ပြည်နယ်များအလိုက်  ရေအား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး  စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပြီး  ပြည်နယ် များအလိုက်  လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက်  များစွာအရေးပါသဖြင့် ဒေသအလိုက် သဘာဝပတ်ဝန်းကျင်  မထိခိုက်စေ သည့် ရေအားလျှပ်စစ်စီမံကိန်းများကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ရေသည်   လူသားများ၏ နေ့စဉ်လူနေမှုဘဝအတွက် အရေးအကြီးဆုံး လိုအပ် ချက်တစ်ခုဖြစ်သောကြောင့်  မြေအောက်ရေ သုံးစွဲ မှုနှင့် ပတ်သက်၍   မိုးနည်းသည့်   ဒေသများတွင် မြေအောက်ရေ အလွန်အကျွံသုံးစွဲခြင်းသည် ရေရှား ပါးမှုကို  ပိုမိုဖြစ်ပေါ်စေနိုင်သဖြင့် ထိန်းသိမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးအတွက်လည်း တိုက်တွန်းဆောင် ရွက်လျက်ရှိပြီး လုံခြုံရေးလုပ်ငန်းများကို  တတ်နိုင် သမျှ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများ သည်  အရေးကြီးသဖြင့် ကျန်းမာရေးဝန်ထမ်းများ   လုပ်ငန်းတာဝန်များ  ပြန်လည်ထမ်းဆောင်နိုင်ရေး အတွက်  ဆောင်ရွက်ပေးရန် လိုအပ်ပြီး ဖိအားပေး နှောင့်ယှက်နေသူများကိုလည်း ဖော်ထုတ်၍ ဥပဒေ အရ အရေးယူနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
 သတင်းစဉ်