
နေပြည်တော် ဒီဇင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ်၌ ပြသထားသည့် (၇၄)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှု သည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် (၇၄)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းနှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ဖွင့်ပွဲအခမ်းအနား အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် အခမ်းအနား တက်ရောက် လာကြသူများနှင့်အတူ (၇၄)နှစ်မြောက်
တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းအတွင်း ပြသ ထားသည့် လေကြောင်းသမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်(လေ) ဝတ်စုံများ၊ တပ်မတော်(လေ) သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန် ထမ်းဆောင်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ မိုင်းယန်း၊ မဲသဝေါ၊ စီစီဝမ်တာပန်တိုက်ပွဲများတွင် တပ်မတော်(လေ)မှ ပါဝင်ဆောင်ရွက် ခဲ့သော မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)မှ စွမ်းရည်ဘွဲ့တံဆိပ် ရရှိခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်တော်ဝင်အခမ်းအနား မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) အရာရှိ၊ စစ်သည်၊ အစားခန့်များအား လေ့ကျင့်ပျိုးထောင်မှုမှတ်တမ်း ဓာတ်ပုံများ၊ တပ်မတော်(လေ)၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တပ်မတော် (လေ)၏ တိုးတက်ပြောင်းလဲလာမှု မှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) အဆက်ဆက်က ဆုရလေသူရဲများအား ဆုချီးမြှင့် ပေးအပ်သည့် မှတ်တမ်းဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များတွင် အသုံးပြုလျက်ရှိသည့် Avionic ပစ္စည်းများ၊ ခေတ်မီမျိုးဆက်သစ် တိုက်ခိုက်ရေး လေယာဉ်ပုံစံငယ်များနှင့် လေသူရဲအသုံးအဆောင်ပစ္စည်း များ၊ တပ်မတော်(လေ)မှ ထုတ်လုပ်ထားသည့် ပုံစံတူသုတေသနပြု လေကြောင်းလမ်းညွှန်စက် VNR-AF 1 ၊ စစ်မှုထမ်းလုံခြုံရေးနှင့် ရောဂါပိုး ကာကွယ်ရေးစနစ်နှင့် စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် (၇၄)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီးနောက် လေတပ်စခန်းဌာန ချုပ်များအလိုက် အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာအရောင်းဆိုင်၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော် မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဆက်လက် ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်