နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တ

 

နေပြည်တော်   ဇူလိုင်    ၆ 


တစ်နိုင်ငံလုံး  ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့်  လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက်ရည်ရွယ်၍  ဧပြီ ၂၂ ရက်တွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ    အထွေထွေအတွင်းရေးမှူး   ကျာဆော်လမွန်    ဦးဆောင် သည့်    ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည်   ယနေ့မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့မှ နေပြည်တော်သို့ ရောက်ရှိကြသည်။ 

 


ဂုဏ်ပြုကြိုဆို


အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊  တာချီလိတ်တပ်နယ်မှ  တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ က   ဂုဏ်ပြုကြိုဆို၍   တာချီလိတ်လေဆိပ်၌   ပို့ဆောင်နှုတ်ဆက် ကြသည်။

 


ဆိုင်းဘုတ်များကိုင်ဆောင် ကြိုဆို


နေပြည်တော်သို့    ရောက်ရှိလာသည့်     အဆိုပါငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်     ယဉ်ကျေးမှုဝန်ကြီးဌာန၊    အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်း ရေးကိုလိုလားသည့်   ဒေသခံပြည်သူများက  ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည်    ပြည်သူတစ်ရပ်လုံး၏     ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသား တွေစည်းလုံးမှ     ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ   စသည့်စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း  နေပြည်တော်လေဆိပ်၌  ကြိုဆိုခဲ့ကြ ကြောင်း သတင်းရရှိသည်။

                                     
  သတင်းစဉ်