
နေပြည်တော် အောက်တိုဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင် များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန် ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြန်မာ့သား ကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်တို့က လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက် ပြီးစီးမှုနှင့် ထပ်မံတည်ဆောက်မည့် အခြေအနေ၊ စစ်မှုထမ်းဟောင်းများအား နေရာချထားပေးမှု အခြေအနေနှင့် ဆက်လက်နေရာချထားပေးမည့် အခြေ အနေ၊ အရိပ်ရလေကာပင်များ စိုက်ပျိုး ထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆောင် ရွက်နေမှုအခြေအနေ၊ စစ်မှုထမ်းဟောင်း အိမ်ရာ သန့်ရှင်း သာယာလှပရေးအတွက် အမှိုက်စွန့်ပစ်စနစ်၊ မိလ္လာစနစ်၊ မီးသတ် စခန်းနှင့် အုပ်ချုပ်မှုရုံးများ၊ စနစ်တကျ ထည့်သွင်းတည်ဆောက်နိုင်ရေး ဆောင် ရွက်လျက်ရှိမှုအခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ခုတင် (၁၀၀) ဆံ့ ဆေးရုံ နှင့် ကလေးငယ်များ ပညာသင်ကြားရေး အတွက် မူကြိုကျောင်းနှင့် မူလတန်းလွန် ကျောင်း တည်ဆောက်ရန် လျာထားမှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
စံပြုအိမ်ရာတစ်ခုအဖြစ်
ရည်မှန်းဆောင်ရွက်ရန်လို
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုမြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အား စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင် ရွက်သွားရန် လိုကြောင်း၊ မြို့ပြအင်္ဂါရပ် များနှင့် ပြည့်စုံစေရန်အတွက် ရေနှင့် လျှပ်စစ်မီးများ ဖူလုံစွာရရှိရန် လိုအပ် သကဲ့သို့ အများနှင့်သက်ဆိုင်သည့် နေရာ ဌာနများလည်း ပြည့်စုံစွာရှိနေရန် လိုအပ် ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် စဉ်းစားဆောင်ရွက်ရာတွင် နောင်အနာဂတ်အတွက် မျှော်မှန်း၍ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင် ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကိုလည်း ထည့်သွင်း စဉ်းစားသွားရန်လိုကြောင်း၊ ယခုမြန်မာ့ သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်ပြီးစီးချိန် တွင် မြို့တစ်မြို့ကဲ့သို့ လူဦးရေရှိမည် ဖြစ်သဖြင့် ကလေးအရွယ်မှ လူကြီးပိုင်း အရွယ်အထိ အားလုံးနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ ရှိနေရန်အတွက် ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ အလုပ် အကိုင်ရရှိရေးအတွက် အသေးစားစက်မှု လက်မှုလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက် ပေးရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင်လည်း ခေတ်မီ သည့် နည်းပညာများအသုံးပြု၍ မွေးမြူ ရေး ကုန်ထုတ်လုပ်မှုများ ထုတ်လုပ်ပြီး ရန်ကုန်မြို့၏ စားရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင် သကဲ့သို့ ရန်ကုန်မြို့၏ စံပြအဖြစ်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း၊ နေရာအနည်းအငယ်အတွင်း ထုတ်ကုန်အရေအတွက်များစွာ ထုတ်လုပ် နိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း အပန်းဖြေအနားယူနိုင်ရန်အတွက် အပန်း ဖြေနေရာများတွင် အရိပ်ရလေကာပင် များ စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ ယခုကဲ့သို့ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်ရခြင်းမှာ စစ်မှုထမ်းဟောင်း များ၏ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေချောမွေ့စေရန် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ အလားတူ စစ်မှု ထမ်းဟောင်းများ၏ သားသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး အတွက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖော်ဆောင်ပေးမည် ဖြစ်သကဲ့သို့ နောင်တွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာဆိုင်ရာကျောင်း များ တည်ဆောက်နိုင်ရေး မျှော်တွေး စဉ်းစားထားရန် လိုကြောင်း၊ စစ်မှု ထမ်းဟောင်းအိမ်ရာတွင် နေထိုင်ကြသူ များနှင့် ဒေသခံပြည်သူများ၏ သွားလာမှု အဆင်ပြေစေရေးအတွက်လည်း Public Transportation ဖြစ်သည့် မြို့ပတ် ရထားများ ပြေးဆွဲနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစား စီမံဆောင်ရွက်ထား ရန်လိုကြောင်း မှာကြားသည်။
လမ်းညွှန်ဆွေးနွေးမှာကြား
ယင်းနောက် အဖွဲ့ဝင်များက စစ်မှု ထမ်းဟောင်းအိမ်ရာ တည်ဆောက်မှုနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြ ကြပြီး တင်ပြချက်များအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် ဆွေးနွေး မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်