
နေပြည်တော် အောက်တိုဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်း နှင့် ဓမ္မစေတီလမ်းထောင့်ရှိ သမိုင်းဝင်တော်လှန်ရေးပန်းခြံသို့ သွားရောက်၍ ပန်းခြံအတွင်း အများပြည်သူတို့ အပန်း ဖြေ အနားယူနိုင်ရေး၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရေး ပြင်ဆင်ထားရှိ မှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်း တင်ပြကြသည်။
စနစ်တကျ ပြုပြင်ထိန်းသိမ်း
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံနှင့် တပ်မတော်အတွက် သမိုင်းမှတ်တမ်းဝင် ပန်းခြံဖြစ်သဖြင့် အမြဲစိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပရေးအတွက် စနစ် တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်၊ အများပြည်သူများ စိတ်လက်ချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေးနှင့် ကိုယ်လက် လှုပ်ရှား အားကစားပြုလုပ်နိုင်ရေးတို့ အတွက် လိုအပ်သည်များကို ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ သမိုင်းဝင် တော်လှန်ရေးပန်းခြံအပါအဝင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် အများပြည်သူ အပန်းဖြေနေရာများ အား စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုဝင်ဘာ ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြား လိုအပ်သည်များအား မှာကြားသည်။
ပြန်လည်ဖွင့်လှစ်ပေးသွားမည်
အဆိုပါ သမိုင်းဝင်တော်လှန်ရေး ပန်းခြံသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့် အထင်ကရ နေရာတစ်ခုဖြစ်ပြီး ပန်းခြံတွင် တပ်မတော်နေ့ အခမ်းအနားများကို ၂၀၀၅ ခုနှစ်၊ နှစ်(၆၀)ပြည့် တပ်မတော်နေ့ အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ ကြောင်း၊ ပန်းခြံအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယာယီပိတ်ထားရာမှ လက်ရှိအချိန်တွင် ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် ပြန်လည် ဖွင့်လှစ်နိုင်ရေး လိုအပ်သည့်မွမ်းမံမှုများကို ဆောင်ရွက်လျက်ရှိရာ ပန်းခြံအတွင်း ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း သမိုင်းဝင်စစ်ထွက်မိန့်ခွန်းပြောကြားခဲ့သည့် စစ်ထွက်သပြေပင်နှင့် ဗိုလ်ချုပ်၏ စီးတော်မြင်းချည်ခဲ့သော မြင်းချည်သပြေပင်တို့အပါအဝင် အလေး ပြုခံ စင်မြင့်နှင့် အလံတိုင်များ၊ ဗိုလ်ချုပ် ကြေးရုပ်နှင့် မီးရှူးတိုင်များ၊ ကျန်းမာရေး ကိုယ်လက်လေ့ကျင့်ရေးကွင်းများ၊ ရေ ပန်းများ၊ ကလေးကစားကွင်းများ၊ မုခ်ဦး များ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်းသာယာလှပမှု ရှိစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး မီးအလှများလည်း ဆင်ယင်ထားရှိကြောင်းနှင့် နိုဝင်ဘာ ၁ ရက်နေ့မှစ၍ အများပြည်သူများ အပန်း ဖြေနိုင်ရေး ပြန်လည်ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
ရှင်းလင်းတင်ပြ
ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်နှင့် အားကစားဇုန်နယ်မြေသို့ ရောက်ရှိကြရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်း ညွှန်ကြားရေးမှူး ဦးအောင် မိုးက အားကစားဇုန် သမိုင်းအကျဉ်း နှင့် အားကစားဇုန်နယ်မြေအတွင်း အားကစားကွင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ သည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစား ကွင်းများအား အဆင့်မြှင့်တင်ဆောင်ရွက် နိုင်မည့် အခြေအနေများ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံဆိပ်ကမ်း မြို့နယ်များအတွင်း အားကစားကွင်းများ အဆင့်မီမီဖြစ်ပေါ်လာရေး ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးမှာကြား ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် အားကစားဇုန်နယ်မြေအတွင်းရှိ မသန် စွမ်း အားကစားရုံနှင့် အမျိုးသားရေကူး ကန်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မသန်စွမ်း အားကစားရုံ ပြန်လည်ဖွင့်လှစ် နိုင်မည့် အခြေအနေများနှင့် အမျိုးသား ရေကူးကန်အား အများပြည်သူများ ရေကူးအားကစား ဆောင်ရွက်နိုင်ရန် အတွက် စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်နှင့် ရေကူးကန်အားအဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်