နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း၌ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့များ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ရေး၊
ဓာတ်မြေဩဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး အမြင်ချင်းဖလှယ် ဆွေးနွေး

 

နေပြည်တော်   အောက်တိုဘာ    ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ပိုင်းတွင်  နေပြည်တော်ရှိ  တပ်မတော်ဧည့်ရိပ်သာ၌  လက်ခံတွေ့ဆုံ သည်။


အဆိုပါ  တွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော်(အငြိမ်းစား)တို့ တက်ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov နှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။



ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်   နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု 
တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း၌ လောင်စာဆီနှင့် သဘာဝ ဓာတ်ငွေ့များ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာများ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက်   နည်းပညာနှင့်  ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာများတွင်   ပူးပေါင်းဆောင်ရွက်ရေး၊   လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးနှင့် လျှပ်စစ်ဓာတ်အားအသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊   နှစ်နိုင်ငံအကြားသွားလာမှုအဆင်ပြေစေရန်အတွက် 
တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲရေးအခြေအနေ၊ နှစ်နိုင်ငံ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး    တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း    မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း    သတင်းရရှိ
သည်။


သတင်းစဉ်