နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းစိန်မြို့နယ်ရှိ Mother Industrial Co.,Ltd. သို့ သွားရောက်ကြည့်ရှုလေ့လာ

 

နေပြည်တော်  အောက်တိုဘာ  ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊       ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   တိုင်းမှူး၊   မြို့တော် ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး   အင်းစိန် မြို့နယ်ရှိ Mother Industrial Co.,Ltd.  စက်ရုံသို့  သွားရောက် လေ့လာကြည့်ရှုသည်။


နှစ်ရှည်ငှားရမ်းခဲ့


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Mother Industrial Co.,Ltd. သို့ ရောက်ရှိကြပြီး      စက်ရုံအစည်း အဝေးခန်းမတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  ချာလီသန်းက အမှတ် (၂) အကြီး စား စက်မှုလုပ်ငန်းလက်အောက်ရှိ  အုတ်ထုတ်လုပ်ရေးစက်ရုံ (တညင်း ကုန်း) ရပ်ဆိုင်းခဲ့ရသည့် အခြေ အနေများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသည့် အပေါ့စား သဲကွန်ကရစ်တုံး   ထုတ်လုပ်ရန် အတွက်     စက်ရုံပိုင်မြေနေရာကို Mother Industrial Co.,Ltd. သို့ နှစ်ရှည်ငှားရမ်းခဲ့သည့်     အခြေ အနေများကို     ရှင်းလင်းတင်ပြ သည်။ 


ရင်းနှီးမြှုပ်နှံ


ထို့နောက် Mother Industrial Co.,Ltd. မှ Managing Director ဦးစိုးရီ က စက်ရုံတည်ဆောက်မှု သမိုင်းအကျဉ်း၊ လေထုညစ်ညမ်း မှုနှင့် သဘာဝပတ်ဝန်းကျင် မထိ ခိုက်နိုင်သည့် အပေါ့စား  သဲကွန်  ကရစ်တုံး(Autoclaved Aerated Concrete Block-AAC) နှင့် ဖိအားမြင့်ခံကွန်ကရစ်တုံး(Autoclaved Pressed Concrete Block-APC) ထုတ်လုပ်သည့်စက်ရုံအား ရင်းနှီး မြှုပ်နှံဆောင်ရွက်ခဲ့သည့်   အခြေ အနေ၊ ကုန်ကြမ်းစုဆောင်းခြင်းနှင့်  ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ AAC နှင့်  APC  ကွန်ကရစ်တုံးများကို အသုံးပြုခြင်းဖြင့်     ရရှိလာမည့်  အကျိုးကျေးဇူးများနှင့် အထွေထွေ  လိုအပ်ချက်များအား နိုင်ငံတော်မှ ဖြည့်ဆည်း    ဆောင်ရွက်ပေးနိုင် မည့် အခြေအနေများနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံ များအား ငှားရမ်းစဉ် စက်မှုဝန်ကြီး ဌာနမှ  လုပ်ငန်းလိုအပ်ချက်အရ  တွဲဖက်ထားသည့်    ဝန်ထမ်းများ သည်  စည်းကမ်းနှင့်အညီ  သက် ဆိုင်ရာလုပ်ငန်း၌ လိုက်ပါဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံ များအနေဖြင့် လုပ်ငန်းဆောင်ရွက် ရာတွင် ငှားရမ်းထားသည့်လုပ်ငန်း အတိုင်းမဟုတ်ဘဲ လုပ်ငန်းပြောင်း လဲလုပ်ဆောင်မည်ဆိုပါက မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်မှုကော်မရှင် MIC  ၏ အတည်ပြုချက်နှင့် ခွင့်ပြုချက်  များ      ရယူရန်လိုအပ်မည်ဖြစ် ကြောင်း၊ တိုင်းရင်းသားပုဂ္ဂလိက ပိုင်   စီးပွားရေးလုပ်ငန်းများကို အားပေးပါကြောင်း၊ စက်ရုံများ အနေဖြင့် ပြည်တွင်းလိုအပ်ချက် ကို ဖြည့်ဆည်းထုတ်လုပ်ပေးနိုင် ရန်   လိုအပ်ပြီး   အောင်မြင်မှုရရှိ အောင်   ဆက်လက်ဆောင်ရွက် သွားစေလိုကြောင်းဖြင့် တိုက်တွန်း မှာကြားပြီး   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေး သည်။


ယင်းနောက်   စက်ရုံမှထုတ် လုပ်ထားရှိသည့် AAC နှင့် APC ကွန်ကရစ်တုံးများ၏   ခံနိုင်ရည် စွမ်းရည်၊ အသုံးပြုနိုင်သည့် အခြေ အနေများနှင့်ပတ်သက်၍ စမ်းသပ်  ပြသထားရှိမှုအား ကြည့်ရှုလေ့လာ ရာ Managing Director ဦးစိုးရီ ကလိုက်လံရှင်းလင်းပြသသည်။


လှည့်လည်ကြည့်ရှု


ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံ  တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် Mother Industrial Co., Ltd. စက်ရုံအတွင်း AAC နှင့် APC ကွန်ကရစ်တုံးများ     ထုတ်လုပ်မှု အဆင့်ဆင့်နှင့် Physical Labora-tory နှင့် Chemical Laboratory တို့အတွင်း အရည်အသွေးစမ်းသပ် စစ်ဆေးမှုတို့ကို     လှည့်လည် ကြည့်ရှုလေ့လာကြရာ Mother Industrial   Co.,Ltd.      ဥက္ကဋ္ဌ ဦးအောင်မြတ်၊             Managing Director ဦးစိုးရီနှင့် တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်