နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

 

ရန်ကုန်မြို့အတွင်း လူဦးရေနှင့် ပို့ဆောင်ဆက်သွယ်ရေးယာဉ်အရေအတွက် တိုးပွားလာလျက်ရှိပြီး 
လမ်းဧရိယာများကို တိုးချဲ့ရန်မဖြစ်နိုင်သည့်အတွက် နှစ်ထပ်လမ်းကြောင်းများ၊
 မြေအောက်ဥမင်လမ်းကြောင်းများကို မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်

နေပြည်တော် အောက်တိုဘာ  ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  သည်  ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး  ကမာရွတ်မြို့နယ်  ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမ ကြီးတွင်   ဖောက်လုပ်ထားသည့်   မြန်မာနိုင်ငံ၏ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။


အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်သည့်    ဗိုလ်ချုပ်ကြီး    မြထွန်းဦး၊   ဗိုလ်ချုပ်ကြီး   မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊  ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊   ကောင်စီတွဲဖက်အတွင်းရေးမှူး      ဒုတိယဗိုလ်ချုပ်ကြီး       ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင် သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးလှစိုး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  မြို့တော်ဝန်  ဦးဗိုလ်ဌေးနှင့်   ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ 


ကြိုဆိုနှုတ်ဆက်


ဦးစွာ       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေရာသို့  ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။ 


ထို့နောက် မြို့တော်ဝန်က မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ တိုးတက်လာသည့် မြို့ပြစနစ်များအပေါ်တွင် အခြေခံ၍  ယာဉ်ကြော ပိတ်ဆို့မှုများ   မဖြစ်ပေါ်စေရန်နှင့်   ယာဉ်အန္တရာယ် ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည့်        အခြေအနေ၊ စက်လှေကားများ၊ ဓာတ်လှေကားများ ထည့်သွင်း တည်ဆောက်ထားသဖြင့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက်လည်း        အဆင်ပြေ လွယ်ကူစွာ        အသုံးပြုနိုင်မည့်အခြေအနေ၊ ဈေးဆိုင်ခန်းများ ပါဝင်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းအချို့ရရှိစေမည်ဖြစ်ပြီး    မြို့တော် အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ် လုံခြုံစိတ်ချရသည့် လမ်းကူးအဆောက်အဦတစ်ခုအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


အမှတ်တရလက်ဆောင်ပေးအပ်


ထို့နောက်  မြေအောက်လမ်းကူး   လူသွားဥမင် (Underpass) ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင်ပေးအပ်သည်။


စက်ခလုတ်နှိပ်ဖွင့်လှစ်


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က    မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦဝင်ပေါက် အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။


ဆက်လက်ပြီး          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မြေအောက်လမ်းကူး လူသွားဥမင်အတွင်း လှည့်လည်ကြည့်ရှုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်မြို့ အတွင်း လူဦးရေနှင့် ပို့ဆောင်ဆက်သွယ်ရေးယာဉ် အရေအတွက် တိုးပွားလာလျက်ရှိပြီး လမ်းဧရိယာ များကို တိုးချဲ့ရန်မဖြစ်နိုင်သည့်အတွက် နှစ်ထပ်လမ်း ကြောင်းများ၊ မြေအောက်ဥမင်လမ်းကြောင်းများကို မဖြစ်မနေ လုပ်ဆောင်ရန်  လိုအပ်လာသည့်အခြေ အနေ၊  ယခု  မြေအောက်လမ်းကူး လူသွားဥမင်  သည် မြေအောက်ရထားလမ်း  အကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းများ၏ ကနဦး ခြေလှမ်းအစ ဖြစ်ပြီး  ဆက်လက်လုပ်ဆောင်သွားနိုင်မည့်အခြေ အနေများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေး ပြောကြားကာ    မီးဘေးအန္တရာယ်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေ  ကယ်ဆယ်ရေး၊ အသုံးပြု သွားလာသူများ၏    လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။


မြို့အင်္ဂါရပ်ပြယုဂ်တစ်ခုလည်းဖြစ်


အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် ဈေးဆိုင်ခန်းများပါဝင်သည့်   မြေအောက်လမ်းကူး လူသွားဥမင် (Underpass)  အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ်ပေ ၄၀ ၊ မြေ အောက်အနက်   ၁၅ ပေ ၃ လက်မ ရှိကြောင်း၊ ပင်မဥမင်စုစုပေါင်းအလျား ၄၂၇ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် လေးခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၆၀၀၀ ခန့်ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ မြေအောက်လမ်းကူး  လူသွားဥမင်(Underpass)အတွင်း   ရွေ့လျားစက်လှေကား  သုံးစင်း၊ သက်ကြီး ရွယ်အိုများနှင့်       မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကားနှစ်စင်း ထည့်သွင်းတည်ဆောက်ထား ပြီး  ဈေးဆိုင်ခန်း  စုစုပေါင်း ၁၈ ခန်း   ထည့်သွင်း တည်ဆောက်ထားကြောင်း၊     မီးဘေးအန္တရာယ် ကာကွယ် ရေး၊ အရေးပေါ်အခြေအနေကယ်ဆယ်ရေး၊ လုံခြုံရေးဆိုင်ရာ   sensor   များ၊  ကင်မရာများ တပ်ဆင်ထားရှိပြီး ယနေ့ဖွင့်လှစ်သည့် မြေအောက် လမ်းကူး  လူသွားဥမင်သည် အများပြည်သူအတွက်  အကျိုးကျေးဇူး များစွာရရှိစေနိုင်မည့်အဆောက်အဦတစ်ခုဖြစ်သည်သာမက   ရန်ကုန်မြို့၏  တိုးတက် လာသည့်      မြို့အင်္ဂါရပ်ပြယုဂ်တစ်ခုလည်းဖြစ် ကြောင်း   သတင်းရရှိသည်။                                       
   သတင်းစဉ်