
နေပြည်တော် ဇန်နဝါရီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန် ကနောင်ခန်းမ၌ တွေ့ဆုံ၍ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယဝန်ကြီး များ၊ တိုင်း၊ ခရိုင် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ကော်မတီ ဥက္ကဋ္ဌများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက် ကြသည်။
လှိုင်သာယာမြို့နယ်အတွင်း
လုပ်ငန်းဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ်နှင့် စက်မှုဇုန်၏ တည်နေရာအကျယ်အဝန်းနှင့် သမိုင်း အကျဉ်း၊ စက်မှုဇုန်များအတွင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လုပ်ငန်းစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှု၊ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် မြှင့်တင်ရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ ဘုရင့်နောင်ပန်းခြံ အဆင့်မြှင့်တိုးချဲ့ရန် ဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ဘုရင့်နောင် တံတားပန်းခြံ တည်ဆောက်လျက်ရှိမှုများ နှင့် ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ စနစ် တကျရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးအုန်းဆိုင်က သွင်းကုန်အစားထိုး ကုန်ကြမ်းများ တင်သွင်းခွင့်ပြုပေးစေလိုမှု၊ မြို့တော်ဝန် ဦးဗိုလ်ဌေးက လှိုင်သာယာ မြို့နယ်အတွင်းရှိ အိမ်ရာများ စနစ်တကျ ရှိစေရေးနှင့် လမ်းမကြီးများတစ်လျှောက် တရားမဝင် ဝင်ရောက်နေထိုင်သူများ မရှိ စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု များကို ဆွေးနွေးတင်ပြကြသည်။
မြို့ပြနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှိုင်သာယာ မြို့နယ်ကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ လှိုင်သာယာ မြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်ပင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးစီမံကိန်းအား အမြန်ဆုံးပြီးစီးစေရေး တာဝန်ရှိသူများမှ ဆောင်ရွက်ရန်လို ကြောင်း၊ ရန်ကုန်မြို့အတွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုပြီး သဘာဝဓာတ်ငွေ့ သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လို ကြောင်း၊အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ် များကလည်း တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ၏ လုပ်ပိုင်ခွင့်အတွင်း လုပ်ကိုင်နိုင် သည့် လျှပ်စစ်ကဏ္ဍအပါအဝင် အခြားကဏ္ဍ များကို ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှု ဇုန်များတွင် လျှပ်စစ်မီး လုံလောက်စွာရရှိ မှသာ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။
ကုန်ကြမ်းနှင့်ပတ်သက်၍ ပြည်ပမှ တင်သွင်းခြင်းထက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ရှိသည့် ကုန်ကြမ်း များကို အဓိကအသုံးပြု၍ ကုန်ထုတ်လုပ်မှု များကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ ခြားငွေသုံးစွဲမှုကို လျှော့ချနိုင်သဖြင့် နိုင်ငံ အတွက် ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်လျက် ရှိသည့် စက်သုံးဆီနှင့် စားသုံးဆီများ အတွက် နိုင်ငံခြားငွေများကို သုံးစွဲရလျက် ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် လျှပ်စစ် စွမ်းအင်သုံး စက်မှုလုပ်ငန်းများကို ပိုမို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုး ဖြစ်ထွန်းသော်လည်း ပြည်တွင်းလိုအပ်မှု ကို ဖြည့်ဆည်းပေးနိုင်မှု မရှိသေးကြောင်း၊ ပြည်တွင်းစက်သုံးဆီနှင့် စားသုံးဆီ လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဆိုပါက နိုင်ငံခြားငွေ သုံးစွဲရမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း။
၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိမိတို့အနေ ဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ တရား မဝင် နေထိုင်သူများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး မြို့သာယာလှပရေး နှင့် စနစ်ကျနမှုရှိစေရေးကို အလေးပေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ် အတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင် ရွက်သွားရန်လိုကြောင်း၊ တရားမဝင် ကျူးကျော်နေထိုင်သူများ မရှိစေရေး၊ ဥပဒေနှင့်အညီ ဖြစ်စေရေးနှင့် ပြန်လည် နေရာချထားရေးတို့ကို စီမံဆောင်ရွက် ပေးသွားရန်လိုကြောင်း။
မြို့ပြနှင့် အိမ်ရာစီမံကိန်းများ တည် ဆောက်ရာတွင်လည်း Town Plan များ ရေးဆွဲ၍ စနစ်တကျဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ မြို့ပြသန့်ရှင်းသာယာလှပရေး အတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းများ တည်ဆောက်ရာတွင် လယ်ယာစိုက်ပျိုးမြေများ မထိခိုက်ရန်လို ကြောင်း၊ ဈေးများတည်ဆောက်ရာတွင် အဆင့်မီသည့်ဈေးများ၊ Shopping Mall များ တည်ဆောက်ရန်လိုပြီး ယာဉ်ရပ်နားရန် နေရာများနှင့် စားသောက်ဆိုင်တန်း များပါ စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက် ပေးရန်လိုကြောင်း၊ အလွှာအမျိုးမျိုးမှ ပြည်သူများ ရောင်းဝယ်မှု အဆင်ပြေစေရေး အတွက် ဆောင်ရွက်ပေးရန်လိုပြီး မြို့နေ ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေး ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
မြို့ပြစီမံကိန်းနှင့် အိမ်ရာစီမံကိန်းများကို
စနစ်တကျတည်ဆောက်
လှိုင်သာယာအရှေ့ပိုင်းတွင် စာသင် ကျောင်းများနည်းပါးသည်ကို တွေ့ရ ကြောင်း၊ ကျောင်းများ တည်ဆောက်ရာ တွင်လည်း ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း အားကစား ကွင်းများနှင့် ခန်းမများပါ ထည့်သွင်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ အနာဂတ်ကောင်းမွန်ရေးအတွက် ပညာ ရေး ကောင်းမွန်ရန်လိုအပ်သဖြင့် ကျောင်း များ ကောင်းမွန်နေရန်လိုပြီး ရပ်ကွက်များ အလိုက် အခြေခံပညာကျောင်းများ ရှိရန် လိုသကဲ့သို့ အားကစားကွင်းများလည်း တည်ရှိရန်လိုကြောင်း၊ မြို့ပြစီမံကိန်းနှင့် အိမ်ယာစီမံကိန်းများ တည်ဆောက်ရာ တွင် အားကစားကွင်းများ၊ ဈေးနှင့် ကျောင်း များ၊ ဆေးရုံများ ထည့်သွင်းတည်ဆောက် ရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် TownPlan များ စနစ်တကျဖြင့် ရေးဆွဲဆောင်ရွက် လိုကြောင်း။
စက်မှုဇုန်နှင့်ပတ်သက်၍ စက်မှုဇုန် အတွင်း အလုပ်လုပ်ကိုင်သူများ အဆင် ပြေစေရေး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ မြို့ပြတည်ဆောက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စဉ်းစားဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ လှိုင်သာယာ မြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည် အတွက် စီမံကိန်းများချမှတ်၍ စီမံဆောင် ရွက်ရန်လိုကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက် ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်တံတား ပန်းခြံနှင့် ဘုရင့်နောင်ပန်းခြံ တည်ဆောက် ရေးစီမံကိန်းသို့ ရောက်ရှိကြရာ မြို့တော်ဝန် က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပန်းခြံအတွင်း စိန်ပန်း၊ ခရေ၊ ကံ့ကော် စသည့် အရိပ်ရသစ်ပင် ပန်းမန်ပင်များ၊ အရိပ်ရပင်များကို ထည့်သွင်းစိုက်ပျိုးရန် လိုကြောင်း၊ ပြည်သူများ စိတ်လက် အေးချမ်းစွာဖြင့် အပန်းဖြေအနားယူနိုင်ရေး အတွက် ပန်းခြံအတွင်း စိမ်းလန်းစိုပြည် သာယာလှပစေရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်း သာယာလှပစေရေးအတွက် လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်